Events & Exhibition
ဂျပန်-မြန်မာ အရင်းအမြစ်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပြပွဲ ကျင်းပမည်
ဂျပန်-မြန်မာ အရင်းအမြစ်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပြပွဲ ကျင်းပမည် Irrawaddy
Source: Mizzima
Unicode
ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးအခွင့်အလမ်းများအတွက် အကျိုးရှိစေမယ့် Japan-Myanmar Resource, Trade and Investment expo 2019 ကို ရန်ကုန်မြို့၊ အင်းယားလိတ်ဟိုတယ်ဝင်းအတွင်းရှိ Yangon Convention Center (YCC) တွင် အောက်တိုဘာ (၁၉) ရက်မှ (၂၀) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
အိမ်တွင်းအလှဆင်လုပ်ငန်းများကို ရှာရန်နှိပ်ပါ
၎င်းပြပွဲနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ အောက်တိုဘာ (၃) ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အဆိုပါပြပွဲကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံံရုံး ဂျပန်ပြည်ပကုန်သွယ်မှုအဖွဲ့အစည်း (JETRO) တို့၏ ပံ့ပိုးမှုဖြင့် Focus International (SFI) က ဦးစီးကျင်းပခြင်းဖြစ်ပါတယ်။
၎င်းပြပွဲတွင် ဂျပန်နှင့် မြန်မာနိုင်ငံမှ ကော်ပိုရေးရှင်းကြီးများ၊ ကုမ္ပဏီကြီးများ၊ ခရီးသွားအေဂျင်စီများ၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း စတဲ့ စီးပွားရေးလုပ်ငန်းများမှ ပြခန်းပေါင်း (၁၆၀) ကျော်ဖြင့် ပါဝင်ကျင်းပ ပြုလုပ်သွားမှာဖြစ်ပြီး၊ ပြပွဲမှ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။
Read More >>> ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရန် မြန်မာ-ဟောင်ကောင်ကုန်သည်ကြီးများအသင်း စတင်ဖွဲ့စည်း
ဒါ့ပြင် ၎င်းပွဲတွင် ဂျပန်လုပ်ငန်းရှင်များနဲ့ မိတ်ဆက်ခြင်း၊ လုပ်ငန်းများ ချိတ်ဆက်ခြင်း၊ လုပ်ငန်းသစ်များ လေ့လာခြင်းနဲ့ အရည်အချင်းရှိသူများကို ဆက်သွယ်ဆောင်ရွက်ခြင်း စတဲ့အခွင့်အလမ်းများလည်း ရရှိမှာဖြစ်ကြောင်း သိရပါတယ်။
Source: Mizzima
Read times Last modified on Tuesday, 08 October 2019 10:18
Rate this item
(0 votes)