Events & Exhibition



မော်တော်ယာဉ်နှင့် သက်ဆိုင်သော AMPAMYANMAR နှင့် POWEREXPO ကို ကျင်းပပြုလုပ်မည်

AMPAMYANMAR အမည်ရ မြန်မာ့အပြည်ပြည်ဆိုင်ရာ ယာဉ်အပိုပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများနဲ့ ကားပိုင်းဆိုင်ရာပြပွဲကြီးနဲ့အတူ

POWEREXPO အမည်ရ မြန်မာ့အပြည်အပြည်ဆိုင်ရာ အီလက်ထရောနစ်နည်းပညာနဲ့ လျှပ်စစ်စွမ်းအင်ပြပွဲကြီးကို စက်တင်ဘာ (၂၆) ရက်နေ့မှ (၂၉) ရက်နေ့ထိ ရန်ကုန်ကုန်သွယ်ရေးစင်တာ (အင်းလျားလိတ်ဟိုတယ်ဝင်းအတွင်း) မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

အဆိုပါပြပွဲကြီးကို မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ရည်ရွယ်ပြီး ပြည်တွင်းပစ္စည်း အမျိုးစားပေါင်း (၃,၀၀၀) ကျော်နဲ့အတူ နိုင်ငံတကာမှ လာရောက်ပြသတဲ့ လုပ်ငန်းရှင်ပေါင်း (၁၂၅) ဦး၊ ခန်းမအရေအတွက်ပေါင်း (၁၅၀) ကျော်တို့ဖြင့် (၇) ကြိမ်မြောက် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

AMPAMYANMAR မှာ မော်တော်ကားဈေးကွက်အတွက် အဓိကဖြစ်တဲ့  BACI, NISSAN, SOUEAST, SUZUKI အစရှိတဲ့ နိုင်ငံကျော်အမှတ်တံဆိပ်ကားများကို မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းတို့မှ ပါဝင်အားဖြည့်ပြသသွားမှာဖြစ်ပါတယ်။

Vehicle Spare Parts (ယာဉ်အပိုအစိတ်အပိုင်းလုပ်ငန်းများကို ရှာရန်နှိပ်ပါ)

ဒါ့ပြင် လက်ရှိမှာခေတ်စားနေတဲ့ ယာဉ်အစိတ်အပိုင်းများ၊ အီလက်ထရောနစ်များ၊ အင်ဂျင်ပိုင်းဆိုင်ရာအစိတ်အပိုင်းများ၊ ဆီနှင့် ဓာတ်ငွေ့ဆိုင်ရာပစ္စည်းများ၊ ပါဝါဂျင်နရေတာများ၊ ဆိုလာလျှပ်စစ်ပိုင်းဆိုင်ရာကိရိယာများ၊ ဝါယာကြိုးနှင့် ကေဘယ်များ၊ စုပ်စက်များနှင့် အီလက်ထရောနစ်ပိုင်းဆိုင်ရာပစ္စည်းများကို ခင်းကျင်းပြသသွားမှာဖြစ်ပြီး နာမည်ကြီးထုတ်ကုန်များဖြစ်ကြတဲ့ TAIWAN PRECISION GEAR CORP, AFI BRAKE, TA YA ELECTRIC WIRE & CABLE, GOOD WILL INSTRUMENT, EXCELLENT PROFESSIONAL GROUP LTD, PAN ASIA INTERNATIONAL ENTERPRISE, KENDA RUBBER, TRANSCEND နှင့် TATUNG တို့မှလည်း ပါဝင်အားဖြည့်ပြသသွားမှာဖြစ်ပါတယ်။

၎င်းပြပွဲမှာ ထိုင်ဝမ်၊ မြန်မာ၊ ဂျပန်၊ စကာင်္ပူ၊ တောင်ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်နဲ့ တရုတ် အစရှိတဲ့ နိုင်ငံတွေအပြင် မလေးရှားအပါအဝင် နိုင်ငံပေါင်း (၉) နိုင်ငံမှ ခင်းကျင်းမှုအသစ်နဲ့အတူ ပါဝင်ပြသွားမှာဖြစ်ပါတယ်။ ဒါ့ပြင် ''Taiwan Excellence Pavilion" နေရာမှာ ထိုင်ဝမ်နာမည်ကြီးဆုတံဆိပ်ရ brand (၁၉) ခုမှ အမျိုးအစားပေါင်း (၇၀) ကျော်ကို ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။

AMPAMYANMAR နှင့် POWEREXPO ပြပွဲကြီးကို ထိုင်ဝမ်ကုန်သွယ်ရေးစင်တာ TWTC နှင့် Yorkers Trade & MarketingServiceCo.,Ltd. တို့မှ ဦးစီးကျင်းပပြီး မြန်မာ့မော်တော်ယ်ာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့မှ ကူညီထောက်ပံ့ပေးထားပါတယ်။

လျှပ်စစ်ပစ္စည်းများနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့်လုပ်ငန်းများ

ကျင်းပမည့်အချိန်၊ နေ့ရက်
*******************
စက်တင်ဘာလ (၂၆) မှ (၂၈) ထိ၊ နံနက် (၁၀) နာရီမှ ညနေ (၅) နာရီထိ။
စက်တင်ဘာလ (၂၉)၊ နံနက် (၁၀) နာရီမှ ညနေ (၄) နာရီထိ

ဝင်ခွင့်မှတ်တမ်းတင်ရန်အတွက် AMPAMYANMAR: https://reurl.cc/WI6Le
ဝင်ခွင့်မှတ်တမ်းတင်ရန်အတွက် POWEREXPO MYANMAR: https://reurl.cc./2p1gE

Myanmar Industries Directory

Read times
Rate this item
(0 votes)