Events & Exhibition



PROPAK MYANMAR 2019

မြန်မာနိုင်ငံ၏ (၆) ကြိမ်မြောက် အကြီးမားဆုံး ထုတ်လုပ်ခြင်း၊ ထုတ်ပိုးခြင်း လုပ်ငန်းဆိုင်ရာ အခမ်းအနားဖြစ်သော PROPAK MYANMAR 2019 ကို ကုန်ထုတ်လုပ်သူများအတွက် နောက်ဆုံးပေါ် နည်းပညာ၊ ပညာရှင်များနှင့် ဆက်သွယ်ထိတွေ့နိုင်စေရန် ရည်ရွယ်ပြီး ဆဌမအကြိမ်မြောက် ပြပွဲအဖြစ် ကျင်းပလျက်ရှိသည်။

ပြပွဲနေရာအသစ်ဖြစ်ပြီး ခေတ်မီ၍ လွယ်ကူစွာသွားလာနိုင်သော နေရာတွင်တည်ရှိသည့် Myanmar Expo (ME) တွင် ပြသခြင်းဖြစ်ပါသည်။ ProPak သည် ထုတ်လုပ်ခြင်း၊ ထုတ်ပိုးခြင်း၊ ဖြည့်သွင်းခြင်း၊ အရည်အသွေးထိန်းသိမ်းခြင်း၊ စမ်းသပ်ခြင်းနှင့် တိုင်းတာခြင်းဆိုင်ရာ ကဏ္ဍများ၊ ဆက်စပ်နေသော ကဏ္ဍများဖြစ်သည့် အလိုအလျောက်ရွေ့လျားစက်များ၊ သယ်ယူပို့ဆောင်ရေး၊ သိုလှောင်ခြင်း၊ အေးခဲခြင်း၊ ပါဝင်ပစ္စည်းများ၊ တံဆိပ်ခတ်နှိပ်ခြင်းနှင့် ညစ်ညမ်းမှုထိန်းချုပ်ခြင်းဆိုင်ရာ ကဏ္ဍများအတွက် နည်းလမ်းများ ရှာဖွေနေသည့် လုပ်ငန်းရှင်များအတွက် ပြပွဲဖြစ်ပါသည်။

ProPak Myanmar သည် တိုးချဲ့လာနေသော အစားအသောက်လုပ်ငန်းကို ပိုမိုမြှင့်တင်ရန်အတွက် နှစ်စဉ်ကျင်းပသော ပေါင်းကူးတစ်ခုဖြစ်ပြီး အင်ဒိုနီးရှား၊ ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံတကာပြခန်းတွဲ (၃) ခုတို့ အပါအဝင် နိုင်ငံပေါင်း (၂၀) မှ ကုန်အမှတ်တံဆိပ် (၂၀၀) ကျော်ကို ကိုယ်စားပြုသည့် ကုမ္ပဏီ (၁၅၀) ကျော်တို့နှင့် ဆက်သွယ်နိုင်ရန် အခွင့်အလမ်းကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။

Foodstuffs (မုန့်အမျိုးမျိုးထုတ်လုပ်သည့်လုပ်ငန်း(၉၉)ခုကိုရှာရန် နှိပ်ပါ)

လုပ်ငန်းငယ်များအတွက် ဈေးနှုန်းမမြင့်မားသော စက်ပစ္စည်းများမှ အစပြု၍ အကြီးစား ကုန်ထုတ်လုပ်သူများအတွက် ထုတ်လုပ်နိုင်စွမ်းမြင့်မားသော အလိုအလျောက်စနစ်များအထိ ပြည်တွင်းကုန်ထုတ်လုပ်သူများအတွက် ၎င်းတို့၏ ထုတ်လုပ်နိုင်စွမ်းနှင့် ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားစေမည့် ကမ္ဘာအနှံ့မှ နောက်ဆုံးပေါ် နည်းပညာများနှင့် တီထွင်ဖန်တီးမှုများကို ပြသပါသည်။

သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ProPak တွင် အစိတ်အပိုင်း (၃) ခု ပါဝင်ပါမည်။ DrinkTechMyanmar သည် မြန်မာနိုင်ငံ၏ လျင်မြန်စွာ တိုးတက်လာနေသော အဖျော်ယမကာ၊ အချိုရည်နှင့် နို့ထွက်ပစ္စည်းလုပ်ငန်းအတွက် အဓိက ဦးတည်ချက်ထားရှိပြီး Ingredients Myanmar သည် အစားအစာနှင့် အဖျော်ယမကာထုတ်လုပ်သူများအတွက် အလျင်အမြန်ပြောင်းလဲနေသော ဈေးကွက်ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေမည့် အခွင့်အလမ်းများကို ဖော်ဆောင်ပေးမည်ဖြစ်ပါသည်။ PlasPakMyanmar သည် ထုတ်ပိုးမှုဆိုင်ရာ ဆောင်ရွက်မှုလုပ်ငန်းစဉ်သစ်များကို ဦးတည်ပြီး နိုင်ငံတကာမှ ပံ့ပိုးသူများသည် ၎င်းတို့၏ နည်းပညာများ၊ တီထွင်ဖန်တီးမှုများ၊ ပလတ်စတစ်နှင့် အခြားကုန်ကြမ်းပစ္စည်းများကို ပြသကြပါသည်။

 

Read More >>> ဒေသထွက်ကုန်ပစ္စည်းများနှင့် နိုင်ငံတကာဈေးကွက် ချိတ်ဆက်နိုင်မည့် ထုတ်ကုန်ပြပွဲ ကျင်းပမည်

ProPak Myanmar 2019 ကို Myanmar Industries Association (MIA), Myanmar Food Processors and Exporters Association (MFPEA), Myanmar Fishery Products Processors & Exporters Association, Food Science and Technology Association of Myanmar (FoSTAM), Myanmar Retailers Association (MMRA) တို့ကဲ့သို့ ထိပ်တန်း အသင်းအဖွဲ့ကြီးများမှ ခိုင်မာစွာ အားပေးထောက်ပံ့ထားပြီး လာရောက်ကြည့်ရှု့သူများအတွက် SME ချေးငွေနှင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန် KBZ Bank မှ Strategic Banking Partner အဖြစ် ပါဝင်အားဖြည့်ထားပါသည်။

ProPak Myanmar 2019 ကို ထုတ်လုပ်မှုနှင့် ထုတ်ပိုးမှုဆိုင်ရာ စီးပွားရေးကဏ္ဍမှ ပုဂ္ဂိုလ်များ၊ အဆိုပါကဏ္ဍတွင် အောင်မြင်လိုသူများအတွက် Myanmar Expo တွင် စက်တင်ဘာလ (၁၂) ရက်မှ (၁၄) ရက်အထိ၊ မနက် (၉) နာရီမှ ညနေ (၅) နာရီအထိ ကျင်းပမည်ဖြစ်ပါသည်။ ProPak Myanmar တွင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်လာနေသောကဏ္ဍမှ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နိုင်ရန် လက်လွတ်မခံသင့်သော ပြပွဲဖြစ်ပါသည်။

 

Myanmar Industry Directory

Read times Last modified on Thursday, 12 September 2019 11:30
Rate this item
(0 votes)

Related items