Events & Exhibition



ဒေသထွက်ကုန်ပစ္စည်းများနှင့် နိုင်ငံတကာဈေးကွက် ချိတ်ဆက်နိုင်မည့် ထုတ်ကုန်ပြပွဲ ကျင်းပမည်

မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ် ( UMFCCI ) မှ ၂၀၁၉ ခုနှစ်မှာ ပြည့်မြောက်မယ့် နှစ် ( ၁၀၀ ) ပြည့် အထိမ်းအမှတ်အဖြစ်

“UMFCCI Centennial International Expo 2019” ကို စက်တင်ဘာလ ( ၂၀ ) ရက်မှ ( ၂၂ ) ရက်နေ့အထိ Fortune Plaza (Myanmar Expo) မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

အဆိုပါပြပွဲကြီးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနတို့ရဲ့ ပံ့ပိုးမှုတို့ဖြင့် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

UMFCCI အနေနဲ့ ၎င်းပြပွဲကြီးကို နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ပြသနိုင်စေရန်၊ နိုင်ငံတကာဈေးကွက်ကို မြန်မာနိုင်ငံမှ ထုတ်ကုန်ပစ္စည်းများ ထိုးဖောက်ဝင်ရောက် ရောင်းချနိုင်စေရန်၊ ပြည်ပမှ အရည်သွေးမြင့် သွင်းကုန်ပစ္စည်းများ ပြည်တွင်းဈေးကွက်ထံ ရောက်ရှိလာစေရန်တို့အတွက် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခြင်းဖြစ်သလို ပြည်တွင်းပြည်ပမှ လုပ်ငန်းရှင်များကိုလည်း ကုန်ပစ္စည်းများ ဝင်ရောက်ပြသဖို့ ဖိတ်ခေါ်ထားပါတယ်။

ပြပွဲမှာ နိုင်ငံတကာမှ ကုန်ပစ္စည်းများအပါအဝင် မြန်မာနိုင်ငံရှိ ပြည်နယ်နဲ့ တိုင်းများမှ ဒေသထွက်ကုန်နဲ့ ထုတ်ကုန်ပစ္စည်းများ (Value Added & Semi Finish Products) ကို ပြခန်းပေါင်း (၂၀၀) ကျော်နဲ့ ပါဝင်ပြသသွားမှာဖြစ်ပါတယ်။

Solar Power (ဆိုလာပါဝါနှင့် ပတ်သက်သည့်လုပ်ငန်း ၅၄ ခုကိုရှာရန် နှိပ်ပါ)

ဒါ့ပြင် အသင်းချုပ်ညီနောင်အသင်းအဖွဲ့များမှလည်း တိုင်းနဲ့ ပြည်နယ်များမှ အရည်အသွေးမီတဲ့ ဒေသထွက်ကုန်ပစ္စည်းများ ၊ လုပ်ငန်းအလိုက်အသင်းများဖြစ်ပါက ပြည်ပပို့ကုန်မြှင့်တင်ရေးနဲ့ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်ဝင်ရောက် ရောင်းချနိုင်တဲ့ ပစ္စည်းများကိုပါ ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။

ဂျာမနီ၊ နယ်သာလန်၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်(တိုင်ပေ) နဲ့ ပြည်တွင်းလုပ်ငန်းရှင်များမှ မော်တော်ယာဉ်များ၊ စက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ အိမ်တွင်းအလှဆင်လုပ်ငန်းများ၊ အလှကုန်ပစ္စည်းများနဲ့ အဝတ်အထည်များ၊ လက်ဝတ်ရတနာများ၊ စားသောက်ကုန်ပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေး၊ သတင်း အချက်အလက်နဲ့ နည်းပညာကဏ္ဍတို့ ပါဝင်ပြသသွားမှာ ဖြစ်ပါတယ်။

Drinking Water (ရေသန့်လုပ်ငန်း ၄၂ ခုကိုရှာရန် နှိပ်ပါ)

ပြပွဲလာရောက်ကြည့်ခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း Business to Business (B2B) တိုက်ရိုက်ချိတ်ဆက်ရုံသာမက ၊ Business to Customer တက်ရောက်လာသူများအတွက်လည်း အရောင်းမြှင့်တင်ရေးနဲ့ ဈေးကွက်ရရှိရေးကို ရရှိနိုင်မှာဖြစ်ပါတယ်။ 

ပြခန်းပြသသူများနဲ့ တက်ရောက်သူများအတွက် ကံစမ်းမဲအစီအစဉ်များ (Lucky Draws) များလည်း စီစဉ်ထားပြီး ဆွေးနွေးပွဲများကိုလည်း အခမဲ့တက်ရောက်နိုင်ကြောင်း သိရပါတယ်။ ဒါ့ပြင် ပြပွဲနဲ့သက်ဆိုင်တဲ့ အသေးစိတ်အချက်အလက်များကို www.umfccicentennialexpo.com မှာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး တက်ရောက်လိုသူများအနေဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း UMFCCI မှဖိတ်ခေါ်ထားပါတယ်။

Read More >>> PROPACK MYANMAR 2019

Myanmar Industry Directory

Read times
Rate this item
(0 votes)