Events & Exhibition



နိုင်ငံတကာစက်မှုနည်းပညာပြပွဲနှင့် တီထွင်ဖန်တီးမှုစွမ်းရည်ပြိုင်ပွဲ ကျင်းပမည်

နိုင်ငံတကာစက်မှုနည်းပညာပြပွဲနှင့် တီထွင်ဖန်တီးမှုစွမ်းရည်ပြိုင်ပွဲ ကျင်းပမည် Ministry of Industry

သတ္တမအကြိမ်မြောက် နိုင်ငံတကာစက်မှုနည်းပညာပြပွဲနှင့် တီထွင်ဖန်တီးမှုစွမ်းရည်ပြိုင်ပွဲ “7th International Industrial Technology & Machinery

Show 2019 Naypyitaw” ကို မြန်မာအပြည်ပြည်ဆိုင်ရာကွနှ်ဗင်းရှင်းဗဟိုဌာန(၂) (MICC-II)၊ နေပြည်တော်တွင် (၃၀.၈.၂၀၁၉) ရက်နေ့မှ (၁.၉.၂၀၁၉) ရက်နေ့ထိ (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနက သိရပါတယ်။

အဆိုပါပြပွဲမှာ စက်မှုနည်းပညာများ၊ MSMEs လုပ်ငန်းများ၊ ဆက်သွယ်ရေးနည်းပညာများ၊ လုံခြုံရေးနည်းပညာများ၊ လျှပ်စစ်ထုတ်လုပ်ရေး နည်းပညာများ၊ ဆောက်လုပ်ရေး နည်းပညာများ၊ ရေကြောင်းသုံး နည်းပညာများ၊ လေကြောင်းသုံး နည်းပညာများ၊ လမ်း/တံတားဆောက်လုပ်ရေး နည်းပညာများ၊ စိုက်ပျိုးရေးနည်းပညာများ၊ IT နှင့်ဆက်စပ်ပစ္စည်းများ၊ ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ နည်းပညာများ၊ စားသောက်ကုန်ပစ္စည်း ထုတ်လုပ်မှုဆိုင်ရာနည်းပညာများ၊ ကုန်ပစ္စည်းများ ထုပ်ပိုးမှုဆိုင်ရာ နည်းပညာများကို ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် Product Presentation များ၊ Seminar များကိုလည်း ကျင်းပပြုလုပ်သွားမှာဖြစ်တဲ့အတွက် စိတ်ပါဝင်စားသူ မည်သူမဆို လာရောက်လေ့လာကြည့်ရှုနိုင်ပါတယ်။

Heavy Machineries & Equipment (စက်ယန္တရားကြီးများနှင့်ဆက်စက်ပစ္စည်းများကိုဝယ်ယူနိုင်သည့်လုပ်ငန်း(၂၃၅)ခုကိုရှာရန် နှိပ်ပါ)

ဒါတွေအပြင် ပြပွဲမှာ နိုင်ငံသားများရဲ့ တီထွင်ဖန်တီးမှု စိတ်ကူးစိတ်သန်းများကို မြေတောင်မြှောက်ပေးခြင်းဖြင့် အနာဂတ်မှာ နိုင်ငံတော်ရဲ့ နည်းပညာအဆင့်အတန်းများ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်ပြီး “Inventor Award” စက်မှုနည်းပညာတီထွင်ဖန်တီးမှု စွမ်းရည်ပြိုင်ပွဲကို ထည့်သွင်းကျင်းပသွားမှာဖြစ်တဲ့အတွက် မည်သူမဆို အခမဲ့လာရောက် ယှဉ်ပြိုင်နိုင်ပါကြောင်း စက်မှုဝန်ကြီးဌာနက ဖိတ်ခေါ်ထားပါတယ်။ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်လိုသူများအနေဖြင့် ဖုန်းနံပါတ်- ၀၁-၅၁၃၉၀၃၊ ၀၉-၂၅၀၅၂၇၇၂၂ ကို ဆက်သွယ်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။

Read More >>> PROPACK MYANMAR 2019

Source: Ministry Of Industry
Myanmar Industry Directory

Read times Last modified on Wednesday, 28 August 2019 14:01
Rate this item
(1 Vote)