Events & Exhibition



PROPACK MYANMAR 2019

ProPak Myanmar ၏ (၆) ကြိမ်မြောက်ပြပွဲကို ကုန်ထုတ်လုပ်သူများနှင့် ထုတ်လုပ်ခြင်း၊ ထုတ်ပိုးခြင်း၊ ဖြည့်သွင်းခြင်း၊ အရည်အသွေးစစ်ဆေးခြင်း၊

စမ်းသပ်ခြင်းနှင့် တိုင်းတာခြင်းကဏ္ဍများတွင် ပါဝင်ပတ်သက်သူများ၊ ၎င်းတို့နှင့် စပ်ဆက်လျက်ရှိသော အလိုလျောက်ဆောင်ရွက်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ အေးခဲခြင်း၊ ပါဝင်ပစ္စည်းများ၊ တံဆိပ်ကပ်ခြင်း နှင့် ညစ်ညမ်းမှုထိန်းချုပ်ရေးကဏ္ဍများအတွက် ရည်ရွယ်ပြီး ကျင်းပမည်ဖြစ်ပါသည်။

ယခုနှစ်ပြပွဲကို နေရာအသစ်ဖြစ်သော Myanmar Expo (ME) တွင် ပြောင်းရွေ့ကျင်းပမည်ဖြစ်ကာ သစ်လွင်ပြီး လွယ်ကူစွာ သွားလာနိုင်မည်ဖြစ်သည့်အပြင် နည်းပညာနှင့် တီထွင်ဖန်တီးမှုများမှတဆင့် အောင်မြင်မှုကို ရှာဖွေလိုသော ကုန်ထုတ်လုပ်သူများနှင့် တိုးတက်လာနေသော အစားအစာထုတ်လုပ်မှုလုပ်ငန်းများအတွက် ပိုမိုအဆင်ပြေစေမည် ဖြစ်ပါသည်။

ProPak Myanmar 2019 တွင် နိုင်ငံပေါင်း (၁၈) နိုင်ငံမှ အမှတ်တံဆိပ်ပေါင်း (၁၀၀) ကျော်ကို ကိုယ်စားပြုသည့် ပါဝင်ပြသမည့်ကုမ္ပဏီ (၁၂၅) ခုနှင့် အင်ဒိုနီးရှား၊ ထိုင်ဝမ်၊ ထိုင်းနိုင်ငံတို့မှ နိုင်ငံတကာပြခန်းတွဲ (၃) ခု တို့လည်း ပါဝင်ကြမည် ဖြစ်ပါသည်။ ထိပ်တန်းကုမ္ပဏီကြီးများသည် ကုန်ထုတ်လုပ်မှု လိုအပ်ချက်များကို ဖြည့်ဆည်ပေးနိုင်မည့် ထုတ်ကုန်အသစ်များ၊ စက်ပစ္စည်းများ၊ နည်းပညာနှင့် နည်းလမ်းအမျိုးမျိုးတို့ကို ပြသကြမည် ဖြစ်ပါသည်။

အဖျော်ယမကာ၊ အချိုရည်နှင့် နို့ထွက်ပစ္စည်း ၊ ဈေးကွက်များ၏ ဖွံ့ဖြိုးမှုအတွက် အဓိကဦးတည်သော "DrinkTechMyanmar" ၊ ပါဝင်ပစ္စည်း ထုတ်လုပ်သူများ၊ ထောက်ပံ့သူများနှင့် လုပ်ငန်းရှင်များကို စားသုံးသူများ၏ အဓိက လိုလားချက်များကို ပိုမိုပြည့်မီစေရန်နှင့် တန်ဖိုးပိုမိုမြင့်တက်စေရန် ချိတ်ဆက်ပေးနိုင်မည့် "Ingredients Myanmar"၊ ထုတ်ပိုးမှုလုပ်ငန်းအတွက် သင့်တော်သော ပလတ်စတစ်၊ တီထွင်ဖန်တီးမှုများ၊ နည်းလမ်းများနှင့် ကုန်ကြမ်းများကို ရှာဖွေရန် ပေါင်းကူးတစ်ခုဖြစ်သော “PlasPakMyanmar" တို့ အပါအဝင် ProPak တွင် နေရာအပိုင်း (၃) ခု ပါဝင်မည်ဖြစ်ပါသည်။

ဆွေးနွေးပွဲနှင့် ဟောပြောပွဲများကို ProPak တွင် ပူးတွဲကျင်းပမည်ဖြစ်ပါသည်။ အဓိက အခမ်းအနားများမှာ TDP မှ ပံ့ပိုးပေးထားသော "Food Safety Activities in Myanmar' ၊ မြန်မာနိုင်ငံ ရေထွက်ပစ္စည်းပို့ကုန် ထုတ်လုပ်သူများအသင်းမှ စီစဉ်သော "Industry Update - Value added Fishery Products to Exportation", မြန်မာနိုင်ငံ အစားအစာသိပံ္ပနှင့် နည်းပညာအသင်း (FoSTAM) မှ စီစဉ်သော "Development of the Value added Food Supply Chain in SME in Myanmar" ၊ SMC (Thailand) Ltd. မှ စီစဉ်သော SMC Automation for Energy Saving & Cost Reduction နှင့် PATKOL မှ စီစဉ်သော Dairy Technology and Trends in the Dairy Business in AEC တို့ ပါဝင်ကြပါသည်။

PROPACK MYANMAR 2019 ကို Myanmar Industries Association (MIA), Myanmar Food Processors and Exporters Association (MFPEA), Myanmar Fishery Products Processors & Exporters Association, Food Science and Technology Association of Myanmar (FoSTAM), Myanmar Retailers Association (MMRA) တို့က ခိုင်မာစွာပံ့ပိုးပေးထားပါသည်။ JICA ရဲ့ 2-step-loan အပါအဝင် SME ချေးငွေများနှင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများကို KBZ မှ ဆောင်ရွက်ပေးသွားမည်။

မြန်မာနိုင်ငံအတွက် ဆဋ္ဌမအကြိမ်မြောက် နိုင်ငံတကာ ထုတ်လုပ်ခြင်းနှင့် ထုတ်ပိုးခြင်းဆိုင်ရာပြပွဲဖြစ်သော PROPACK MYANMAR 2019 ကို Fortune Plaza ၊ မင်းနန္ဒာလမ်းနှင့် သုမနလမ်းထောင့်၊ သာကေတမြို့နယ်ရှိ Myanmar Expo (ME) တွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်မှ (၁၄) ရက်အထိ ကျင်းပမည် ဖြစ်ပါသည်။

 

Myanmar Industry Directory

Read times Last modified on Thursday, 12 September 2019 09:48
Rate this item
(0 votes)