Events & Exhibition



( ၄ ) ကြိမ်မြောက် မန္တလေးနိုင်ငံတကာ မွေးမြူရေးနှင့် စိုက်ပျိုးရေးပြပွဲကြီး

စတုတ္ထအကြိမ်မြောက် မန္တလေး နိုင်ငံတကာ မွေးမြူရေးနှင့် စိုက်ပျိုးရေးပြပွဲမှာ ကုမ္ပဏီပေါင်းစုံမှ မြန်မာနိုင်ငံမှာ လူကြိုက်များ အရောင်းသွက်တဲ့ ထွန်စက်အမျိုးမျိုး၊ ရိတ်သိမ်းခြွေလှေ့စက်များ၊ ထွန်များ၊ ထယ်များ စတာတွေကို အထူးဈေးနှုန်းနဲ့ လက်ငင်း ( သို့မဟုတ် ) အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမှာဖြစ်ပါတယ်။

မန္တလေးနဲ့ အထက်မြန်မာပြည်မှာရှိတဲ့ တောင်သူများအတွက် လယ်ထွန်စက်ပစ္စည်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ဖို့အတွက် ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့ ပွဲစီစဉ်သူ ဦးဇာနည်က ပြောပါတယ်။

အဆိုပါ မ⁠န္တ⁠လေး​ ⁠နိုင်​ငံတကာ ⁠မွေး​⁠မြူ⁠ရေး​⁠နှင့်​​ စိုက်​ပျိုး​⁠ရေး​⁠ပြပွဲ​⁠ကြီး​နဲ့အတူ ၂၀၁၉ စိုက်ပျိုးရာသီ လယ်ယာသုံး စက်ပစ္စည်း အထူးအရောင်းပွဲတော်ကြီးကို မ⁠န္တ⁠လေး​ကွန်​ဗင်း​ရှင်း​စင်​တာမှာ ဇွန်လ ၁၅ - ၁၇ ရက်နေ့၊ နံနက်​ (၉)​ နာရီမှ ည⁠နေ(၆)​ နာရီထိ ကျင်း​ပသွား​မှာဖြစ်​⁠ပြီး မည်သူမဆိုလွတ်လပ်စွာ လာရောက်ကြည့်ရှု့နိုင်ကြောင်း သိရပါတယ်။

 

Read More >>> လက်လီလုပ်ငန်းရှင်များ မဖြစ်မနေ တက်ရောက်သင့်တဲ့ Retailpreneur အခမဲ့ဆွေးနွေးဟောပြောပွဲကြီး

မ⁠န္တ⁠လေး​ ⁠နိုင်​ငံတကာ ⁠မွေး​⁠မြူ⁠ရေး​⁠နှင့်​​ စိုက်​ပျိုး​⁠ရေး​⁠ပြပွဲ​⁠ကြီး​ကို ၂၀၁၆ ခုနှစ်ကစပြီး ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာ ကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း ( ၁၄ ) နိုင်ငံမှ ကုမ္ပဏီ ( ၄၈ ) ခုကနေ လယ်ယာသုံးစက်ပ္စည်းအမျိုးအစားများစွာကို ပြခန်းပေါင်း ( ၆၀ ) နဲ့ ခင်းကျင်းရောင်းချခဲ့ပါတယ်။

၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်တွေမှာလည်း နှစ်စဉ်အောင်မြင်စွာကျင်းပခဲ့ပါတယ်။ အဆိုပါပွဲကြီးကို လာရောက်သူအများစုကတော့ တောင်သူဦးကြီးများ၊ အရောင်းကိုယ်စားလှယ်များ၊ စက်မှုလုပ်ငန်းရှင်များ ဖြစ်တယ်လို့ သိရပါတယ်။

 

Myanmar Industrial Directory

Read times
Rate this item
(0 votes)