Events & Exhibition



လက်လီလုပ်ငန်းရှင်များ မဖြစ်မနေ တက်ရောက်သင့်တဲ့ Retailpreneur အခမဲ့ဆွေးနွေးဟောပြောပွဲကြီး

Retailpreneur ဆိုတာကတော့ Retail နဲ့ Entrepreneur ပေါင်းစပ်ထားတဲ့ စကားလုံးဖြစ်ပါတယ်။

ယနေ့ ဖွံ့ဖြိုးတိုးတက်လာတဲ့ မြန်မာပြည်မှာ လက်လီလုပ်ငန်းများနဲ့ ပတ်သက်ပြီး ယှဉ်ပြိုင်မှုများ ပြင်းထန်လာတာကြောင့် လက်လီလုပ်ငန်းရှင်တွေအနေနဲ့ မိမိလုပ်ငန်းကို အောင်မြင်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ နည်းလမ်းတွေ သိဖို့ကလည်း အရေးကြီးလာပါတယ်။

လက်လီစီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဒီဆွေးနွေးပွဲကနေ လုပ်ငန်း အောင်မြင်စေဖို့ စီမံခန့်ခွဲမှု အတွေ့အကြုံများစွာကို ရရှိနိုင်ပါလိမ့်မယ်။ ဒါ့ပြင် ပြည်တွင်းမှာ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးရဲ့ စီးပွားရေးအမြင်တွေကို ကိုယ်တိုင် ကိုယ်ကျ နားထောင်ခွင့်ရရှိမှာဖြစ်ပြီး သိလိုတာတွေကို မေးမြန်းနိုင်တဲ့အတွက် လက်မလွှတ်တမ်း တက်ရောက်သင့်တဲ့ အခမဲ့ ဟောပြောပွဲ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကြီးမှာ စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်မှ ဟောပြောမှာဖြစ်ပြီး ဒေါက်တာအောင်ထွန်းသက်နဲ့အတူ PT Power & BOC Co.,Ltd ရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းဆွေတို့မှ

- Retail လုပ်ငန်းတစ်ခုအောင်မြင်ဖို့ အခြေခံအားဖြင့် ဘာတွေသိထားသင့်လဲ
- ဘယ်လိုမဟာဗျူဟာတွေ ချမှတ်လုပ်ဆောင်သင့်သလဲ
- စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်မလဲ

စတဲ့အချက်များတွေကို သီအိုရီ၊ လက်တွေ့အတွေ့အကြုံတွေနဲ့ မျှဝေသွားမှာ ဖြစ်ပါတယ်။

အဆိုပါဆွေးနွေးပွဲကြီးကို ၂၁၀၉ ခုနှစ်၊ ဇွန်လ ၁၅ ရက် ( စနေန့ ) ၊ ညနေ ၃း၀၀ မှ ၅း၀၀ ထိ၊ UMFCCI ၊ မင်္ဂလာခန်းမ၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

စိတ်ပါဝင်စားသူ ဘယ်သူမဆို အခမဲ့နာမည်စာရင်းပေးသွင်းနိုင်ပါတယ်။ စာရင်းပေးသွင်းပြီးနောက် အတည်ပြုချက် စောင့်ဆိုင်းဖို့မလိုဘဲ တက်ရောက်နိုင်မှာဖြစ်ပါတယ်။

အောက်ပါနည်းလမ်းတွေထဲမှ တစ်ခုခုကိုသုံးပြီး စာရင်းပေးသွင်းနိုင်ပါတယ်။


- SMS Register- (အမည်၊ ဖုန်းနံပါတ်၊ အလုပ်အကိုင်ရာထူး၊ ကုမ္မဏီအမည်နဲ့ Email လိပ်စာတွေကို 09 785606060 (သို့မဟုတ်) 09 968557560

- Online Register - https://www.eventbrite.com/e/62561990598

 

အသေးစိတ် သိရှိမေးမြန်းလိုပါက Hot Line ဖုန်းနံပါတ်တွေဖြစ်တဲ့ 09 785606060/ 09968557560 ကို ဆက်သွယ်နိုင်ပါတယ်။

 

Source: Myanmar B2B Management Magizine
Myanmar Industry Directory

Read times Last modified on Saturday, 01 June 2019 17:37
Rate this item
(1 Vote)