Banking & Loan



အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဘဏ်ချေးငွေ အလွယ်တကူ ရရှိရန် အာမခံအဖွဲ့ ဖွဲ့စည်းမည်

အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဘဏ်ချေးငွေ အလွယ်တကူ ရရှိရန် အာမခံအဖွဲ့ ဖွဲ့စည်းမည် google

အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများအနေဖြင့် ဘဏ်ချေးငွေ အလွယ်တကူရရှိရန် ချေးငွေအာမခံအဖွဲ့ (CGC: Credit Guarantee Corporation) ဖွဲ့စည်းဆောင်ရွက်မှာဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ဇန်နဝါရီလ ၂၂ ရက်က ပြောကြားခဲ့ပါတယ်။

အဆိုပါ ချေးငွေအာမခံအဖွဲ့အစည်းကို ထိုင်းနိုင်ငံဗဟိုဘဏ်နှင့် ပူးတွဲဖွဲ့စည်းမှာဖြစ်ပြီး SME လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများ တည်ထောင်နိုင်ရန်အတွက် ချေးငွေအာမခံဝန်ဆောင်မှုဖြင့် အထောက်အကူပြုနိုင်ရန်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများအကြား တွေ့ကြုံလာနိုင်သည့် ကြွေးမြီဆုံးရှုံးနိုင်မှုများကို မျှဝေနိုင်ရန်အတွက် ရည်ရွယ်၍ ဖွဲ့စည်းကြောင်း သိရပါတယ်။

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသို့ ငွေကြေးပံ့ပိုးပေးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၂ ရက်က နေပြည်တော်၊ M Gallery ဟိုတယ်တွင် ကျင်းပခဲ့ပါတယ်။ ၎င်းအလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက မြန်မာနိုင်ငံပြည်တွင်း အသေးစားနှင့် အလတ်စားလုပ်ငန်းကဏ္ဍမြှင့်တင်နိုင်ရန် ဆောင်ရွက်နေပေမယ့်လည်း ၎င်းတို့အတွက် ငွေကြေးရရှိနိုင်မှု ခက်ခဲပါကြောင်း၊

သို့ဖြစ်၍ အသေးစား၊ အလတ်စား လုပ်ငန်းကဏ္ဍအတွက် ငွေကြေးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မှသာ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရသည် “ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP)”၂၀၁၈-၂၀၃၀ အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး MSDP ၏ ပန်းတိုင် (၃)၊ မဟာဗျူဟာ (၂) မှာ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းမှတဆင့် စက်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် အလုပ်အကိုင်ဖန်တီးရေးကို အထောက်အကူပြုရန် ဖြစ်ပါကြောင်း၊

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးက အရေးကြီးသည်ကို သိရှိသည့်အားလျော်စွာ ချေးငွေအာမခံလုပ်ငန်းများအတွက် ချေးငွေအာမခံ အဖွဲ့အစည်းတည်ထောင်ရန် အစိုးရမှ စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် ထိုင်းနိုင်ငံဗဟိုဘဏ်က ထိုင်းနိုင်ငံ၏ လက်ရှိ အောင်မြင်နေသော Credit Guarantee လုပ်ငန်းများနှင့် SMEs MSMEs လုပ်ငန်းများအကြောင်း ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံဗဟိုဘဏ်က မြန်မာနိုင်ငံတွင် SMEs၊ MSMEs နှင့် Credit Guarantee Corporation (CGC) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ ထိုင်းနိုင်ငံ၏ လုပ်ငန်းဆောင်ရွက်မှု အတွေ့အကြုံများအား မျှဝေပေးနိုင်ရေးအတွက် ရည်ရွယ်၍ လာရောက်ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။

Read More >>> အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ချေးငွေအာမခံလျှောက်ထားခြင်းဆိုင်ရာ သိကောင်းစရာ

Source: The Mirror

Myanmar Industry Directory

 

>>>Zawgyi<<<

အေသးစား၊ အငယ္စားႏွင့္ အလတ္စားလုပ္ငန္းမ်ား ဘဏ္ေခ်းေငြ အလြယ္တကူ ရရွိရန္ အာမခံအဖြဲ႔ ဖြဲ႔စည္းမည္

အေသးစား၊ အငယ္စားႏွင့္ အလတ္စားလုပ္ငန္းမ်ားအေနျဖင့္ ဘဏ္ေခ်းေငြ အလြယ္တကူရရွိရန္ ေခ်းေငြအာမခံအဖြဲ႔ (CGC: Credit Guarantee Corporation) ဖြဲ႔စည္းေဆာင္ရြက္မွာျဖစ္ေၾကာင္း စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးစိုးဝင္းက ဇန္နဝါရီလ ၂၂ ရက္က ေျပာၾကားခဲ့ပါတယ္။

အဆိုပါ ေခ်းေငြအာမခံအဖြဲ႔အစည္းကို ထုိင္းႏုိင္ငံဗဟုိဘဏ္ႏွင့္ ပူးတြဲဖြဲ႔စည္းမွာျဖစ္ၿပီး SME လုပ္ငန္းရွင္မ်ားအေနျဖင့္ လုပ္ငန္းမ်ား တည္ေထာင္ႏုိင္ရန္အတြက္ ေခ်းေငြအာမခံဝန္ေဆာင္မႈျဖင့္ အေထာက္အကူျပဳႏုိင္ရန္ႏွင့္ ေငြေရးေၾကးေရး အဖြဲ႔အစည္းမ်ားအၾကား ေတြ႔ႀကံဳလာႏုိင္သည့္ ေၾကြးၿမီဆံုး႐ံႈးႏုိင္မႈမ်ားကို မွ်ေဝႏို္င္ရန္အတြက္ ရည္ရြယ္၍ ဖြဲ႔စည္းေၾကာင္း သိရပါတယ္။

အေသးစား၊ အငယ္စားႏွင့္ အလတ္စား စီးပြားေရးလုပ္ငန္းမ်ားသို႔ ေငြေၾကးပံ့ပိုးေပးေရးဆိုင္ရာ အလုပ္႐ုံေဆြးေႏြးပြဲကို ဇန္နဝါရီလ ၂၂ ရက္က ေနျပည္ေတာ္၊ M Gallery ဟိုတယ္တြင္ က်င္းပခဲ့ပါတယ္။ ၎အလုပ္႐ံုုေဆြးေႏြးပြဲတြင္ ျပည္ေထာင္စုဝန္ႀကီး ဦးစိုးဝင္းက ျမန္မာႏိုင္ငံျပည္တြင္း အေသးစားႏွင့္ အလတ္စားလုပ္ငန္းက႑ျမႇင့္တင္ႏိုင္ရန္ ေဆာင္႐ြက္ေနေပမယ့္လည္း ၎တို႔အတြက္ ေငြေၾကးရရွိႏိုင္မႈ ခက္ခဲပါေၾကာင္း၊

သို႔ျဖစ္၍ အေသးစား၊ အလတ္စား လုပ္ငန္းက႑အတြက္ ေငြေၾကးလိုအပ္ခ်က္ကို ျဖည့္ဆည္းႏိုင္မွသာ ျမန္မာႏိုင္ငံ၏ စီးပြားေရးက႑ ဖြံ႕ၿဖိဳးႏိုင္မည္ ျဖစ္ပါေၾကာင္း၊ ႏိုင္ငံေတာ္အစိုးရသည္ “ေရရွည္တည္တံ့ခိုင္ၿမဲၿပီး ဟန္ခ်က္ညီေသာ ဖြံ႕ၿဖိဳးတိုးတက္မႈ စီမံကိန္း (MSDP)”၂၀၁၈-၂၀၃၀ အား အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိၿပီး MSDP ၏ ပန္းတိုင္ (၃)၊ မဟာဗ်ဴဟာ (၂) မွာ အေသးစားႏွင့္ အလတ္စားစီးပြားေရးလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္လာျခင္းမွတဆင့္ စက္မႈလုပ္ငန္းႏွင့္ ဝန္ေဆာင္မႈလုပ္ငန္းမ်ားတြင္ အလုပ္အကိုင္ဖန္တီးေရးကို အေထာက္အကူျပဳရန္ ျဖစ္ပါေၾကာင္း၊

ျမန္မာ့စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈတြင္ MSMEs လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးက အေရးႀကီးသည္ကို သိရွိသည့္အားေလ်ာ္စြာ ေခ်းေငြအာမခံလုပ္ငန္းမ်ားအတြက္ ေခ်းေငြအာမခံ အဖြဲ႕အစည္းတည္ေထာင္ရန္ အစိုးရမွ စီစဥ္ေဆာင္႐ြက္လ်က္ ရွိပါေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဒါ့ျပင္ ထုိင္းႏုိင္ငံဗဟိုဘဏ္က ထိုင္းႏိုင္ငံ၏ လက္ရွိ ေအာင္ျမင္ေနေသာ Credit Guarantee လုပ္ငန္းမ်ားႏွင့္ SMEs MSMEs လုပ္ငန္းမ်ားအေၾကာင္း ေျပာၾကားခဲ့ၿပီး ထိုင္းႏိုင္ငံဗဟိုဘဏ္က ျမန္မာႏိုင္ငံတြင္ SMEs၊ MSMEs ႏွင့္ Credit Guarantee Corporation (CGC) လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးကို ရည္႐ြယ္၍ ထိုင္းႏိုင္ငံ၏ လုပ္ငန္းေဆာင္႐ြက္မႈ အေတြ႕အႀကဳံမ်ားအား မွ်ေဝေပးႏိုင္ေရးအတြက္ ရည္ရြယ္၍ လာေရာက္ျခင္းျဖစ္ပါေၾကာင္း ေျပာၾကားခဲ့ပါတယ္။

Source: The Mirror

Read times
Rate this item
(0 votes)