Banking & Loan



အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ချေးငွေအာမခံလျှောက်ထားခြင်းဆိုင်ရာ သိကောင်းစရာ

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ချေးငွေအာမခံလျှောက်ထားခြင်းဆိုင်ရာ သိကောင်းစရာ google

ချေးငွေအာမခံဆိုသည်မှာ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ချေးငွေထုတ်ပေးသည့်ဘဏ်များကို ၎င်းတို့ထုတ်ပေးသည့် ချေးငွေဆုံးရှုံးမှု ပေါ်ပေါက်ခဲ့လျှင် လျော်ကြေးပေးချေသည့်အာမခံ ဖြစ်ပါတယ်။

လိုအပ်သောစာရွက်စာတမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

(က) အဆိုလွှာ၊

( ခ ) အာမခံထားသည့် ဘဏ်ခွဲစာရင်း၊

( ဂ ) အာမခံထားသည့်စာရင်း တစ်ခုချင်းအလိုက် အာမခံထားငွေဖော်ပြထားသည့်စာရင်း၊

(ဃ) ချေးယူလိုသည့် ကုမ္ပဏီ၏ ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့် ဘဏ္ဍာရေး အခြေအနေ

လျှောက်ထားရန်အဆင့်များ
>>>>>>>>>>>>>>

အဆင့်-၁
စက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတွင် မှတ်ပုံတင်ပြီးသော အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းရှင်က ငွေထုတ်ပေးမည့် ဘဏ်များသို့ လျှောက်ထားခြင်း၊

အဆင့်-၂
ချေးငွေထုတ်ပေးမည့် ဘဏ်များက Credit Guarantee Insurance အတွက် အဆိုပြုလွှာနှင့်အတူ ချေးငွေထုတ်ပေးရေးအတွက် အာမခံသည့် အထောက်အထားများကို မြန်မာ့အာမခံလုပ်ငန်းသို့ပေးပို့ခြင်း၊

အဆင့်-၃
မြန်မာ့အာမခံလုပ်ငန်းက Credit Guarantee Insurance ကို လက်ခံရန်အတွက် အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းရှင် တင်ပြသည့် အထောက်အထားများနှင့်အတူ လုပ်ငန်းကို မျက်မြင်စစ်ဆေးပြီး အာမခံလက်ခံခြင်း (သို့မဟုတ်) ငြင်းပယ်ခြင်း၊

အဆင့်-၄
အာမခံလက်ခံပါက ကျသင့်ပရီမီယံတောင်းခံလွှာကို ချေးငွေထုတ်ပေးသည့် ဘဏ်များသို့ ပေးပို့ခြင်း၊ ချေးငွေထုတ်ပေးသည့် ဘဏ်များက မြန်မာ့အာမခံလုပ်ငန်းသို့ ပရီမီယံပေးချေခြင်း၊ ပရီမီယံရရှိပါက မြန်မာ့အာမခံလုပ်ငန်းက အာမခံစာချုပ်ထုတ်ပေးခြင်း၊

အဆင့်-၅
ချေးငွေထုတ်ပေးသည့် အဖွဲ့အစည်း (သို့မဟုတ်) ဘဏ်များက Credit Guarantee Insurance စာချုပ်ရရှိပါက ချေးငွေထုတ်ပေးခြင်း၊

အသေးစိတ်အချက်အလက်များကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

https://myanmar.gov.mm/insurances/service/-/asset_publisher/idasset550/content/---456

 

>>>Zawgyi<<<

အေသးစားႏွင့္ အလတ္စားစီးပြားေရးလုပ္ငန္းမ်ားအတြက္ ေခ်းေငြအာမခံေလွ်ာက္ထားျခင္းဆိုင္ရာ သိေကာင္းစရာ

ေခ်းေငြအာမခံဆိုသည္မွာ အေသးစားႏွင့္ အလတ္စားစီးပြားေရးလုပ္ငန္းမ်ားအတြက္ ေခ်းေငြထုတ္ေပးသည့္ဘဏ္မ်ားကို ၎တို႔ထုတ္ေပးသည့္ ေခ်းေငြဆုံးရႈံးမႈ ေပၚေပါက္ခဲ့လွ်င္ ေလ်ာ္ေၾကးေပးေခ်သည့္အာမခံ ျဖစ္ပါတယ္။

လိုအပ္ေသာစာ႐ြက္စာတမ္းမ်ားမွာ ေအာက္ပါအတုိင္းျဖစ္ပါတယ္။

(က) အဆိုလႊာ၊

( ခ ) အာမခံထားသည့္ ဘဏ္ခြဲစာရင္း၊

( ဂ ) အာမခံထားသည့္စာရင္း တစ္ခုခ်င္းအလိုက္ အာမခံထားေငြေဖာ္ျပထားသည့္စာရင္း၊

(ဃ) ေခ်းယူလိုသည့္ ကုမၸဏီ၏ ေရွ႕ဆက္လက္ေဆာင္႐ြက္မည့္လုပ္ငန္းစီမံခ်က္ႏွင့္ ဘ႑ာေရး အေျခအေန

ေလွ်ာက္ထားရန္အဆင့္မ်ား
>>>>>>>>>>>>>>

အဆင့္-၁
စက္မႈႀကီးၾကပ္စစ္ေဆးေရးဦးစီးဌာနတြင္ မွတ္ပုံတင္ၿပီးေသာ အေသးစားႏွင့္ အလတ္စားစက္မႈလုပ္ငန္းရွင္က ေငြထုတ္ေပးမည့္ ဘဏ္မ်ားသို႔ ေလွ်ာက္ထားျခင္း၊

အဆင့္-၂
ေခ်းေငြထုတ္ေပးမည့္ ဘဏ္မ်ားက Credit Guarantee Insurance အတြက္ အဆိုျပဳလႊာႏွင့္အတူ ေခ်းေငြထုတ္ေပးေရးအတြက္ အာမခံသည့္ အေထာက္အထားမ်ားကို ျမန္မာ့အာမခံလုပ္ငန္းသို႔ေပးပို႔ျခင္း၊

အဆင့္-၃
ျမန္မာ့အာမခံလုပ္ငန္းက Credit Guarantee Insurance ကို လက္ခံရန္အတြက္ အေသးစား၊ အလတ္စားစက္မႈလုပ္ငန္းရွင္ တင္ျပသည့္ အေထာက္အထားမ်ားႏွင့္အတူ လုပ္ငန္းကို မ်က္ျမင္စစ္ေဆးၿပီး အာမခံလက္ခံျခင္း (သို႔မဟုတ္) ျငင္းပယ္ျခင္း၊

အဆင့္-၄
အာမခံလက္ခံပါက က်သင့္ပရီမီယံေတာင္းခံလႊာကို ေခ်းေငြထုတ္ေပးသည့္ ဘဏ္မ်ားသို႔ ေပးပို႔ျခင္း၊ ေခ်းေငြထုတ္ေပးသည့္ ဘဏ္မ်ားက ျမန္မာ့အာမခံလုပ္ငန္းသို႔ ပရီမီယံေပးေခ်ျခင္း၊ ပရီမီယံရရွိပါက ျမန္မာ့အာမခံလုပ္ငန္းက အာမခံစာခ်ဳပ္ထုတ္ေပးျခင္း၊

အဆင့္-၅
ေခ်းေငြထုတ္ေပးသည့္ အဖြဲ႕အစည္း (သို႔မဟုတ္) ဘဏ္မ်ားက Credit Guarantee Insurance စာခ်ဳပ္ရရွိပါက ေခ်းေငြထုတ္ေပးျခင္း၊

အေသးစိတ္အခ်က္အလက္မ်ားကို ေအာက္ပါလင့္ခ္မွာ ဝင္ေရာက္ၾကည့္႐ႈ႔ႏိုင္ပါတယ္။

https://myanmar.gov.mm/insurances/service/-/asset_publisher/idasset550/content/---456

Read times Last modified on Tuesday, 14 January 2020 17:39
Rate this item
(0 votes)