Banking & Loan



SME လုပ်ငန်းရှင်များ JICA (ODA) SME Two-Step Loan ချေးငွေ လျှောက်ထားနိုင်

SME  လုပ်ငန်းရှင်များ JICA (ODA) SME Two-Step Loan ချေးငွေ လျှောက်ထားနိုင် google

နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SME) ပါဝင်မှုက ၉၉% ခန့်ရှိပြီး

SME များ ဖွံ့ဖြိုးတိုးတက်လာပါက ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရလာနိုင်ခြင်း၊ တစ်ဦးချင်းဝင်ငွေ တိုးတက်လာနိုင်ခြင်းတို့ကြောင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် SME ဖွံ့ဖြိုးတိုးတက်ရေးက လွန်စွာအရေးကြီးပါတယ်။

သို့ဖြစ်ရာ မြန်မာ့စီးပွားရေးဘဏ်က MSME လုပ်ငန်းများအား ဘဏ္ဍာငွေ ပံ့ပိုးကူညီရန် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ တရားဝင်ဖွံ့ဖြိုးမှု အကူအညီ (ODA) ချေးငွေရယူ၍ JICA (ODA) SME နှစ်ဆင့်ချေးငွေစီမံကိန်းတွင် စီမံကိန်းစီမံခန့်ခွဲသူ (Executing Agency) အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။ 

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းတွင် အောက်ပါလုပ်ငန်းများမှအပ ၂၀၁၅ ခုနှစ် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေနှင့် ညီညွတ်သော မည်သည့် MSME လုပ်ငန်းမဆို ချေးငွေလျှောက်ထား ရယူနိုင်ပါတယ် -

(၁) မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေရယူရန် အရည်အသွေးပြည့်မီမှုရှိသော လယ်သမားများ

(၂) အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ

(၃) ဘဏ္ဍာရေးနှင့် အာမခံလုပ်ငန်းများ

(၄) အဖိုးတန်သတ္တုရောင်းဝယ်ရေးလုပ်ငန်းများ

(၅) အရက်ဆိုင်များနှင့် ပျော်ပွဲစားရုံလုပ်ငန်းများ ၊

(၆) ဖြေဖျော်မှု၊ တင်ဆက်မှု (နိုင်ငံခြားခရီးသွားလုပ်ငန်းမပါ) လုပ်ငန်းများ

(၇) လက်နက်၊ ခဲယမ်းထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်းများ

JICA SME နှစ်ဆင့်ချေးငွေ စီမံကိန်းအဆင့်-၁ (Phase-1) တွင် ချေးငွေရယူရန် ဆက်သွယ်လျှောက်ထားနိုင်သည့် ဘဏ်များ

(၁) အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် (SMEDB)

(၂) မြန်မာ့ရှေ့ဆောင်ဘဏ် (MAB)

(၃) မြန်မာနိုင်ငံသားများဘဏ် (MCB)

(၄) ဧရာဝတီဘဏ် (AYA)

(၅) ကမ္ဘောဇဘဏ် (KBZ)

(၆) သမဝါယမဘဏ် (CB)

Opera Snapshot 2020 01 07 155640 www.moi.gov.mm

 

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၁ (Phase-1) ဆောင်ရွက်မှုအခြေအနေ

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၁ (Phase-1) တွင် အထက်ဖော်ပြပါ ဘဏ်ခြောက်ဘဏ်မှတစ်ဆင့် ငွေကျပ် (၅၇၆၃၄.၄၃) သန်းအား MSMEs လုပ်ငန်းရှင် (၂၆၉) ဦးသို့ ချေးငွေများ ထုတ်ချေးခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ ထုတ်ချေးငွေများအနက်မှ ပြန်လည်ပေးဆပ်လာသော အရင်းငွေရပ်များကို လှည့်ပတ်ရန်ပုံငွေစာရင်းတွင် ထားရှိပြီး ပြန်လည်ထုတ်ချေးလျက်ရှိရာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ MSME လုပ်ငန်းရှင် (၁၁၄) ဦးသို့ ငွေကျပ် (၂၂၆၂၄.၀၅) သန်းအား ထုတ်ချေးခဲ့ပြီး လှည့်ပတ်ရန်ပုံငွေစာရင်းရှိ လက်ကျန်ငွေများကို အထက်ဖော်ပြပါ ဘဏ်ခြောက်ဘဏ်မှတစ်ဆင့် အရင်းအနှီးလိုအပ်သော MSME လုပ်ငန်းရှင်များသို့ ဆက်လက် ထုတ်ချေးလျက်ရှိပါတယ်။

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၂ (Phase-2) တွင် ချေးငွေရယူရန် ဆက်သွယ်လျှောက်ထားနိုင်သည့် ဘဏ်များ

(၁) မြန်မာနိုင်ငံသားများဘဏ် (MCB)

(၂) ကမ္ဘောဇဘဏ် (KBZ)

(၃) မြန်မာ့စီးပွားရေးဘဏ် (MEB)

(၄) သမဝါယမဘဏ် (CB)

(၅) ဧရာဝတီဘဏ် (AYA)

(၆) ပထမပုဂ္ဂလိကဘဏ် (FPB)

(၇) ယူနိုက်တက်အမရဘဏ် (UAB)

(၈) အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် (SMEDB) ၊

(၉) မြန်မာအရှေ့တိုင်းဘဏ် (MOB)

(၁၀) မြန်မာ့ရှေ့ဆောင်ဘဏ် (MAB)

(၁၁) နေပြည်တော်စည်ပင်ဘဏ် (NSB)

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၂ (Phase-2) ဆောင်ရွက်မှု အခြေအနေ

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၂ (Phase-2) တွင်ဂျပန်ယန်း သန်း (၁၀၅၀၀) နှင့်ညီမျှသော မြန်မာကျပ် (၁၄၃၁၂၅) သန်းအား ရယူထားပြီး အထက်ဖော်ပြပါ ဘဏ် ၁၁ ဘဏ်မှတစ်ဆင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ MSME လုပ်ငန်းရှင် (၄၈၉) ဦးသို့ ငွေကျပ် (၈၃၂၅၈) သန်းအား ထုတ်ချေးထားပြီး ဖြစ်ပါသည်။

သို့ဖြစ်ရာ SME လုပ်ငန်းများအနေဖြင့် မိမိတို့လုပ်ငန်းများအတွက် လိုအပ်သော အရင်းအနှီးများကို အထက်ဖော်ပြပါဘဏ်များတွင် ဆက်သွယ်လျှောက်ထား ရယူနိုင်ပါကြောင်း သိရပါတယ်။

Read More >>> အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များအတွက် SME ဘဏ်မှ အပေါင်မဲ့ချေးငွေများ ထုတ်ချေးပေး

Source: MOI 

>>>Zawgyi<<<

SME  လုပ္ငန္းရွင္မ်ား JICA (ODA) SME Two-Step Loan ေခ်းေငြ ေလွ်ာက္ထားႏုိင္

ႏိုင္ငံအတြင္းရွိ စီးပြားေရးလုပ္ငန္းမ်ားတြင္ အေသးစား၊ အငယ္စားႏွင့္ အလတ္စားစီးပြားေရးလုပ္ငန္းမ်ား (SME) ပါဝင္မႈက ၉၉% ခန႔္ရွိၿပီး SME မ်ား ဖြံ႕ၿဖိဳးတိုးတက္လာပါက ျပည္သူမ်ား အလုပ္အကိုင္အခြင့္အလမ္းမ်ား ရလာႏိုင္ျခင္း၊ တစ္ဦးခ်င္းဝင္ေငြ တိုးတက္လာႏိုင္ျခင္းတို႔ေၾကာင့္ ႏိုင္ငံေတာ္၏ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ SME ဖြံ႕ၿဖိဳးတိုးတက္ေရးက လြန္စြာအေရးႀကီးပါတယ္။

သို႔ျဖစ္ရာ ျမန္မာ့စီးပြားေရးဘဏ္က MSME လုပ္ငန္းမ်ားအား ဘ႑ာေငြ ပံ့ပိုးကူညီရန္ ဂ်ပန္ႏိုင္ငံ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးေအဂ်င္စီ (JICA) ၏ တရားဝင္ဖြံ႕ၿဖိဳးမႈ အကူအညီ (ODA) ေခ်းေငြရယူ၍ JICA (ODA) SME ႏွစ္ဆင့္ေခ်းေငြစီမံကိန္းတြင္ စီမံကိန္းစီမံခန႔္ခြဲသူ (Executing Agency) အျဖစ္ တာဝန္ယူေဆာင္႐ြက္လ်က္ရွိပါတယ္။ 

JICA SME ႏွစ္ဆင့္ေခ်းေငြစီမံကိန္းတြင္ ေအာက္ပါလုပ္ငန္းမ်ားမွအပ ၂၀၁၅ ခုႏွစ္ အေသးစားႏွင့္ အလတ္စားစီးပြားေရးလုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္ေရး ဥပေဒႏွင့္ ညီၫြတ္ေသာ မည္သည့္ MSME လုပ္ငန္းမဆို ေခ်းေငြေလွ်ာက္ထား ရယူႏိုင္ပါတယ္ -

(၁) ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္မွ ေခ်းေငြရယူရန္ အရည္အေသြးျပည့္မီမႈရွိေသာ လယ္သမားမ်ား

(၂) အိမ္ၿခံေျမအက်ိဳးေဆာင္လုပ္ငန္းမ်ား

(၃) ဘ႑ာေရးႏွင့္ အာမခံလုပ္ငန္းမ်ား

(၄) အဖိုးတန္သတၱဳေရာင္းဝယ္ေရးလုပ္ငန္းမ်ား

(၅) အရက္ဆိုင္မ်ားႏွင့္ ေပ်ာ္ပြဲစား႐ုံလုပ္ငန္းမ်ား ၊

(၆) ေျဖေဖ်ာ္မႈ၊ တင္ဆက္မႈ (ႏိုင္ငံျခားခရီးသြားလုပ္ငန္းမပါ) လုပ္ငန္းမ်ား

(၇) လက္နက္၊ ခဲယမ္းထုတ္လုပ္ေရာင္းဝယ္ေရး လုပ္ငန္းမ်ား

JICA SME ႏွစ္ဆင့္ေခ်းေငြ စီမံကိန္းအဆင့္-၁ (Phase-1) တြင္ ေခ်းေငြရယူရန္ ဆက္သြယ္ေလွ်ာက္ထားႏိုင္သည့္ ဘဏ္မ်ား

(၁) အေသးစားႏွင့္ အလတ္စားလုပ္ငန္းမ်ားဖြံ႕ၿဖိဳးေရးဘဏ္ (SMEDB)

(၂) ျမန္မာ့ေရွ႕ေဆာင္ဘဏ္ (MAB)

(၃) ျမန္မာႏိုင္ငံသားမ်ားဘဏ္ (MCB)

(၄) ဧရာဝတီဘဏ္ (AYA)

(၅) ကေမာၻဇဘဏ္ (KBZ)

(၆) သမဝါယမဘဏ္ (CB)

Opera Snapshot 2020 01 07 155640 www.moi.gov.mm

 

JICA SME ႏွစ္ဆင့္ေခ်းေငြစီမံကိန္းအဆင့္-၁ (Phase-1) ေဆာင္႐ြက္မႈအေျခအေန

JICA SME ႏွစ္ဆင့္ေခ်းေငြစီမံကိန္းအဆင့္-၁ (Phase-1) တြင္ အထက္ေဖာ္ျပပါ ဘဏ္ေျခာက္ဘဏ္မွတစ္ဆင့္ ေငြက်ပ္ (၅၇၆၃၄.၄၃) သန္းအား MSMEs လုပ္ငန္းရွင္ (၂၆၉) ဦးသို႔ ေခ်းေငြမ်ား ထုတ္ေခ်းခဲ့ၿပီးျဖစ္ပါတယ္။ အဆိုပါ ထုတ္ေခ်းေငြမ်ားအနက္မွ ျပန္လည္ေပးဆပ္လာေသာ အရင္းေငြရပ္မ်ားကို လွည့္ပတ္ရန္ပုံေငြစာရင္းတြင္ ထားရွိၿပီး ျပန္လည္ထုတ္ေခ်းလ်က္ရွိရာ ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလအထိ MSME လုပ္ငန္းရွင္ (၁၁၄) ဦးသို႔ ေငြက်ပ္ (၂၂၆၂၄.၀၅) သန္းအား ထုတ္ေခ်းခဲ့ၿပီး လွည့္ပတ္ရန္ပုံေငြစာရင္းရွိ လက္က်န္ေငြမ်ားကို အထက္ေဖာ္ျပပါ ဘဏ္ေျခာက္ဘဏ္မွတစ္ဆင့္ အရင္းအႏွီးလိုအပ္ေသာ MSME လုပ္ငန္းရွင္မ်ားသို႔ ဆက္လက္ ထုတ္ေခ်းလ်က္ရွိပါတယ္။

JICA SME ႏွစ္ဆင့္ေခ်းေငြစီမံကိန္းအဆင့္-၂ (Phase-2) တြင္ ေခ်းေငြရယူရန္ ဆက္သြယ္ေလွ်ာက္ထားႏိုင္သည့္ ဘဏ္မ်ား

(၁) ျမန္မာႏိုင္ငံသားမ်ားဘဏ္ (MCB)

(၂) ကေမာၻဇဘဏ္ (KBZ)

(၃) ျမန္မာ့စီးပြားေရးဘဏ္ (MEB)

(၄) သမဝါယမဘဏ္ (CB)

(၅) ဧရာဝတီဘဏ္ (AYA)

(၆) ပထမပုဂၢလိကဘဏ္ (FPB)

(၇) ယူႏိုက္တက္အမရဘဏ္ (UAB)

(၈) အေသးစားႏွင့္ အလတ္စားလုပ္ငန္းမ်ားဖြံ႕ၿဖိဳးေရးဘဏ္ (SMEDB) ၊

(၉) ျမန္မာအေရွ႕တိုင္းဘဏ္ (MOB)

(၁၀) ျမန္မာ့ေရွ႕ေဆာင္ဘဏ္ (MAB)

(၁၁) ေနျပည္ေတာ္စည္ပင္ဘဏ္ (NSB)

JICA SME ႏွစ္ဆင့္ေခ်းေငြစီမံကိန္းအဆင့္-၂ (Phase-2) ေဆာင္႐ြက္မႈ အေျခအေန

JICA SME ႏွစ္ဆင့္ေခ်းေငြစီမံကိန္းအဆင့္-၂ (Phase-2) တြင္ဂ်ပန္ယန္း သန္း (၁၀၅၀၀) ႏွင့္ညီမွ်ေသာ ျမန္မာက်ပ္ (၁၄၃၁၂၅) သန္းအား ရယူထားၿပီး အထက္ေဖာ္ျပပါ ဘဏ္ ၁၁ ဘဏ္မွတစ္ဆင့္ ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလအထိ MSME လုပ္ငန္းရွင္ (၄၈၉) ဦးသို႔ ေငြက်ပ္ (၈၃၂၅၈) သန္းအား ထုတ္ေခ်းထားၿပီး ျဖစ္ပါသည္။

သို႔ျဖစ္ရာ SME လုပ္ငန္းမ်ားအေနျဖင့္ မိမိတို႔လုပ္ငန္းမ်ားအတြက္ လိုအပ္ေသာ အရင္းအႏွီးမ်ားကို အထက္ေဖာ္ျပပါဘဏ္မ်ားတြင္ ဆက္သြယ္ေလွ်ာက္ထား ရယူႏိုင္ပါေၾကာင္း သိရပါတယ္။

Source: MOI 

Read times Last modified on Tuesday, 07 January 2020 17:38
Rate this item
(0 votes)