Banking & Loan



အသေးစားနှင့် အလတ်စားလုပ်ငန်းများ အချက်အလက် မပြည့်စုံခြင်းကြောင့် ငွေချေးပေးရန် အခက်အခဲဖြစ်

အသေးစားနှင့် အလတ်စားလုပ်ငန်းများ အချက်အလက် မပြည့်စုံခြင်းကြောင့် ငွေချေးပေးရန် အခက်အခဲဖြစ် google

စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်သော အချက်အလက်များ မပြည့်စုံမှုကြောင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (SME) များကို ငွေချေးပေးရန် အခက်အခဲဖြစ်နေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ပြည်တွင်းရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများမှာ မိသားစုလုပ်ငန်းကဲ့သို့ လုပ်ကိုင်နေသဖြင့် စာရင်းဇယား အတိအကျမရှိခြင်းကြောင့် JICA ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ချေးငွေရယူရေး အခက်အခဲဖြစ်စေကြောင်း ၎င်းကပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာအဖွဲ့အစည်းများထံမှ ငွေချေးရာတွင် စီးပွားရေးလုပ်ငန်း အမှန်တကယ် လုပ်ကိုင်လိုမှသာ ချေးငွေ ရရှိမှာဖြစ်ပါတယ်။ အခြားနေရာများတွင် ပြောင်းလဲသုံးစွဲမည်ဆိုပါက ချေးငွေရရှိမှာမဟုတ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောပါတယ်။

အစိုးရအပါအဝင် ပြည်တွင်းပုဂ္ဂလိက ဘဏ်များထံ ငွေကြေးအရင်းအနှီး ရယူနိုင်ရန် အသေးစား၊ အလတ်စားလုပ်ငန်းများအနေဖြင့် စာရင်းထိန်းသိမ်းခြင်း အပါအဝင် အချက်ငါးချက် ပြင်ဆင်ရန် လိုအပ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန အငြိမ်းစားဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားပါတယ်။

Read More >>> SME လုပ်ငန်းများကို ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့ပေးရန် ကိုရီးယားဘဏ်နှင့် လက်မှတ်ရေးထိုး

ဘဏ်များက စာရင်းများကိုကြည့်ပြီး လက်ခံနိုင်မှ အသေးစား၊ အလတ်စားလုပ်ငန်းများကို ငွေချေးပေးတာကြောင့် SME လုပ်ငန်းများက သေချာပြုစုထားရန်၊ စာရင်းများကို တစ်စုံထက် ပိုမိုထားခြင်း မပြုလုပ်ရန်၊ လုပ်ငန်းနှင့် သက်ဆိုင်သော သတင်းအချက်အလက်ကို ပွင့်လင်းမြင်သာစွာ ထုတ်ပေးရန်၊ စီးပွားရေးစီမံကိန်း (Business Plan) များ လက်ရှိအချိန်သာမက အနည်းဆုံး ငါးနှစ်အတွက် ရေးဆွဲထားရန်၊ ပုံသေပိုင်ပစ္စည်းများရှိရန် စသည်တို့ လိုအပ်ကြောင်း ၎င်းက အကြံပြုထားပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လိုအပ်သည့် အလုပ်အကိုင် အခွင့်အလမ်းဖန်တီးရန် SME လုပ်ငန်းများတွင် (၆၀) ရာခိုင်နှုန်းရှိပြီး အာရှဖွံ့ဖြိုးဆဲနိုင်ငံအချို့တွင် ဂျီဒီပီမှာ SME လုပ်ငန်းများက (၄၀) ရာခိုင်နှုန်း ပါဝင်ကြောင်း ဒေါက်တာ မောင်မောင်သိမ်းက ပြောပါတယ်။

Source: 7Day Daily

 

>>>Zawgyi<<<

အေသးစားႏွင့္ အလတ္စားလုပ္ငန္းမ်ား အခ်က္အလက္ မျပည့္စုံျခင္းေၾကာင့္ ေငြေခ်းေပးရန္ အခက္အခဲျဖစ္

စီးပြားေရးလုပ္ငန္းႏွင့္ ပတ္သက္ေသာ အခ်က္အလက္မ်ား မျပည့္စုံမႈေၾကာင့္ အေသးစားႏွင့္ အလတ္စားစီးပြားေရးလုပ္ငန္း (SME) မ်ားကို ေငြေခ်းေပးရန္ အခက္အခဲျဖစ္ေနေၾကာင္း ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာပါတယ္။

ျပည္တြင္းရွိ အေသးစားႏွင့္ အလတ္စားစီးပြားေရးလုပ္ငန္းမ်ားမွာ မိသားစုလုပ္ငန္းကဲ့သို႔ လုပ္ကိုင္ေနသျဖင့္ စာရင္းဇယား အတိအက်မရွိျခင္းေၾကာင့္ JICA ကဲ့သို႔ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားထံမွ ေခ်းေငြရယူေရး အခက္အခဲျဖစ္ေစေၾကာင္း ၎ကေျပာပါတယ္။

ဒါ႔အျပင္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားထံမွ ေငြေခ်းရာတြင္ စီးပြားေရးလုပ္ငန္း အမွန္တကယ္ လုပ္ကိုင္လိုမွသာ ေခ်းေငြ ရရွိမွာျဖစ္ပါတယ္။ အျခားေနရာမ်ားတြင္ ေျပာင္းလဲသုံးစြဲမည္ဆိုပါက ေခ်းေငြရရွိမွာမဟုတ္ေၾကာင္း စီးပြားေရးလုပ္ငန္းရွင္ အခ်ိဳ႕က ေျပာပါတယ္။

အစိုးရအပါအဝင္ ျပည္တြင္းပုဂၢလိက ဘဏ္မ်ားထံ ေငြေၾကးအရင္းအႏွီး ရယူႏိုင္ရန္ အေသးစား၊ အလတ္စားလုပ္ငန္းမ်ားအေနျဖင့္ စာရင္းထိန္းသိမ္းျခင္း အပါအဝင္ အခ်က္ငါးခ်က္ ျပင္ဆင္ရန္ လိုအပ္ေၾကာင္း ဘ႑ာေရးဝန္ႀကီးဌာန အၿငိမ္းစားဒုတိယဝန္ႀကီး ေဒါက္တာေမာင္ေမာင္သိမ္းက ေျပာၾကားပါတယ္။

Read More >>> SME လုပ္ငန္းမ်ားကို ဘ႑ာေရးဆုိင္ရာ အေထာက္အပံ့ေပးရန္ ကုိရီးယားဘဏ္ႏွင့္ လက္မွတ္ေရးထုိး

ဘဏ္မ်ားက စာရင္းမ်ားကိုၾကည့္ၿပီး လက္ခံႏိုင္မွ အေသးစား၊ အလတ္စားလုပ္ငန္းမ်ားကို ေငြေခ်းေပးတာေၾကာင့္ SME လုပ္ငန္းမ်ားက ေသခ်ာျပဳစုထားရန္၊ စာရင္းမ်ားကို တစ္စုံထက္ ပိုမိုထားျခင္း မျပဳလုပ္ရန္၊ လုပ္ငန္းႏွင့္ သက္ဆိုင္ေသာ သတင္းအခ်က္အလက္ကို ပြင့္လင္းျမင္သာစြာ ထုတ္ေပးရန္၊ စီးပြားေရးစီမံကိန္း (Business Plan) မ်ား လက္ရွိအခ်ိန္သာမက အနည္းဆုံး ငါးႏွစ္အတြက္ ေရးဆြဲထားရန္၊ ပုံေသပိုင္ပစၥည္းမ်ားရွိရန္ စသည္တို႔ လိုအပ္ေၾကာင္း ၎က အႀကံျပဳထားပါတယ္။

ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားတြင္ လိုအပ္သည့္ အလုပ္အကိုင္ အခြင့္အလမ္းဖန္တီးရန္ SME လုပ္ငန္းမ်ားတြင္ (၆၀) ရာခိုင္ႏႈန္းရွိၿပီး အာရွဖြံ႕ၿဖိဳးဆဲႏိုင္ငံအခ်ိဳ႕တြင္ ဂ်ီဒီပီမွာ SME လုပ္ငန္းမ်ားက (၄၀) ရာခိုင္ႏႈန္း ပါဝင္ေၾကာင္း ေဒါက္တာ ေမာင္ေမာင္သိမ္းက ေျပာပါတယ္။

Source: 7Day Daily

Read times Last modified on Friday, 31 January 2020 16:44
Rate this item
(0 votes)