Banking & Loan



ဘဏ္မ်ားမွ အခြန္ေဆာင္ထားျခင္းမရွိေသာ ေငြမ်ားကို လက္မခံရန္ ဗဟိုဘဏ္ထုတ္ျပန္

ဘဏ္မ်ားမွ အခြန္ေဆာင္ထားျခင္းမရွိေသာ ေငြမ်ားကို လက္မခံရန္ ဗဟိုဘဏ္ထုတ္ျပန္ google

ဝင္ေငြရလမ္းေဖာ္ျပျခင္းမရွိေသာ၊ တနည္းအားျဖင့္ အခြန္ေဆာင္ထားျခင္းမရွိေသာ ေငြေၾကးမ်ားကို ဘဏ္စာရင္းဖြင့္လွစ္ျခင္း၊ အပ္ေငြလက္ခံျခင္း၊ ထိန္းသိမ္းျခင္းမ်ား လက္ခံေဆာင္႐ြက္ျခင္းမျပဳရန္ ဗဟိုဘဏ္က (အမွတ္ ၁၈/၂ဝ၁၉) ၫႊန္ၾကားခ်က္တစ္ရပ္ ထုတ္ျပန္ထားပါတယ္။

အဆိုပါၫႊန္ၾကားခ်က္တြင္ ဝင္ေငြအရင္းအျမစ္မ်ား ရွင္းလင္းမႈမရွိေသာ ဆက္သြယ္ေဆာက္႐ြက္သူမ်ား၊ သိသာထင္ရွားစြာ စီးပြားေရးမဆန္ေသာ၊ အလြန္အမင္းရႈပ္ေထြးေသာ (သို႔) ပုံမွန္မဟုတ္ေသာ အေျခအေနမ်ားအေပၚတြင္ ဘဏ္မ်ားအေနျဖင့္ အေလးထားစိစစ္ျခင္းမ်ားကို ေဆာင္႐ြက္ရန္ ပါဝင္ပါတယ္။

ယခုၫႊန္ၾကားျခင္းက ေငြေၾကးခဝါခ်မႈႏွင့္ အၾကမ္းဖက္မႈကို ေငြေၾကးေထာက္ပံ့မႈ တိုက္ဖ်က္ေရးဆိုင္ရာကိစၥရပ္အေပၚ ပူးေပါင္းပါဝင္လိုျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါ႔အျပင္ ျပည္တြင္းမွာ ေၾကးနန္းျဖင့္ (သို႔မဟုတ္) အီလက္ထေရာနစ္နည္းလမ္းျဖင့္ ေငြေၾကးလႊဲေျပာင္းျခင္း သတင္းအခ်က္အလက္မ်ားကို ေငြေၾကးဆိုင္ရာ စုံစမ္းေထာက္လွမ္းေရးအဖြဲ႕ (သို႔) ေငြလႊဲလက္ခံသည့္ ဘဏ္မွ လိုအပ္ပါက ျပည္စုံစြာရရွိေစရန္ ပံ့ပိုးေပးရမွာျဖစ္ပါတယ္။

အထက္ပါ သတ္မွတ္ခ်က္မ်ားအားလုံးကို စတင္သတင္းေပးပို႔သည့္ေန႔မွစ၍ ငါးႏွစ္အထိ ထိန္းသိမ္းထားရန္လိုအပ္ေၾကာင္း ၫႊန္ၾကားခ်က္မွာ ပါဝင္ပါတယ္။

ျပည္တြင္းအခြန္မ်ား ဦးစီးဌာနစာရင္းမ်ားအရ ဝင္ေငြခြန္၊ ကုန္သြယ္လုပ္ငန္းခြန္၊ အထူးကုန္စည္ခြန္၊ တံဆိပ္ေခါင္းခြန္ႏွင့္ ေအာင္ဘာေလသိန္းဆုခြန္တို႔ကို အဓိက ေကာက္ခံမႈမ်ားရွိၿပီး ၎တို႔အနက္ တစ္ဦးခ်င္းေပးေဆာင္သည့္ ဝင္ေငြခြန္ႏွင့္ ကုန္သြယ္လုပ္ငန္းခြန္ ေကာက္ခံရရွိမႈပမာဏမွာ အမ်ားဆုံးျဖစ္ပါတယ္။

အရင္ဘ႑ာႏွစ္တစ္ႏွစ္လုံးတြင္ ျပည္တြင္းအခြန္မ်ားဦးစီးဌာနအေနျဖင့္ အခြန္က်ပ္ (၆၇၄၈ ဒသမ ၅) ဘီလီယံ ေကာက္ခံရရွိခဲ့ပါတယ္။ ၎ပမာဏတြင္ ဝင္ေငြခြန္ က်ပ္ (၂၈၃၃ ဒသမ ၉) ဘီလီယံေက်ာ္ ေကာက္ခံရရွိခဲ့ပါတယ္။

အစိုးရအေနျဖင့္ ဝင္ေငြခြန္မွ လြတ္ကင္းေနသာ စည္းၾကပ္ဝင္ေငြခြန္သတ္မွတ္ခ်က္ကို ယခုဘ႑ာႏွစ္ တစ္ႏွစ္လုံးစာအတြက္ ယမန္ႏွစ္မ်ားထက္ ေလွ်ာ့ခ်ေကာက္ခံမည္ဟု သတ္မွတ္ခဲ့ၿပီး ဘ႑ာႏွစ္အေစာပိုင္း (၂) လတာအတြင္း ထြက္လာသည့္ ယခုထုတ္ျပန္ခ်က္က ဝင္ေငြခြန္မွ လြတ္ကင္းေနေသာ ဘဏ္အပ္ေငြမ်ားအေပၚ သတိေပးလိုက္ျခင္းလည္း ျဖစ္ပါတယ္။

Source: Myanmar Business Today

Unicode

ဝင်ငွေရလမ်းဖော်ပြခြင်းမရှိသော၊ တနည်းအားဖြင့် အခွန်ဆောင်ထားခြင်းမရှိသော ငွေကြေးများကို ဘဏ်စာရင်းဖွင့်လှစ်ခြင်း၊ အပ်ငွေလက်ခံခြင်း၊ ထိန်းသိမ်းခြင်းများ လက်ခံဆောင်ရွက်ခြင်းမပြုရန် ဗဟိုဘဏ်က (အမှတ် ၁၈/၂ဝ၁၉) ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ထားပါတယ်။

အဆိုပါညွှန်ကြားချက်တွင် ဝင်ငွေအရင်းအမြစ်များ ရှင်းလင်းမှုမရှိသော ဆက်သွယ်ဆောက်ရွက်သူများ၊ သိသာထင်ရှားစွာ စီးပွားရေးမဆန်သော၊ အလွန်အမင်းရှုပ်ထွေးသော (သို့) ပုံမှန်မဟုတ်သော အခြေအနေများအပေါ်တွင် ဘဏ်များအနေဖြင့် အလေးထားစိစစ်ခြင်းများကို ဆောင်ရွက်ရန် ပါဝင်ပါတယ်။

ယခုညွှန်ကြားခြင်းက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်အပေါ် ပူးပေါင်းပါဝင်လိုခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်တွင်းမှာ ကြေးနန်းဖြင့် (သို့မဟုတ်) အီလက်ထရောနစ်နည်းလမ်းဖြင့် ငွေကြေးလွှဲပြောင်းခြင်း သတင်းအချက်အလက်များကို ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (သို့) ငွေလွှဲလက်ခံသည့် ဘဏ်မှ လိုအပ်ပါက ပြည်စုံစွာရရှိစေရန် ပံ့ပိုးပေးရမှာဖြစ်ပါတယ်။

အထက်ပါ သတ်မှတ်ချက်များအားလုံးကို စတင်သတင်းပေးပို့သည့်နေ့မှစ၍ ငါးနှစ်အထိ ထိန်းသိမ်းထားရန်လိုအပ်ကြောင်း ညွှန်ကြားချက်မှာ ပါဝင်ပါတယ်။

Read More >>> ဝင်ငွေခွန်ကြေညာလွှာ တင်သွင်းရမည့် နောက်ဆုံးရက်ကို ထုတ်ပြန်ကြေညာ

ပြည်တွင်းအခွန်များ ဦးစီးဌာနစာရင်းများအရ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ တံဆိပ်ခေါင်းခွန်နှင့် အောင်ဘာလေသိန်းဆုခွန်တို့ကို အဓိက ကောက်ခံမှုများရှိပြီး ၎င်းတို့အနက် တစ်ဦးချင်းပေးဆောင်သည့် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံရရှိမှုပမာဏမှာ အများဆုံးဖြစ်ပါတယ်။

အရင်ဘဏ္ဍာနှစ်တစ်နှစ်လုံးတွင် ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ကျပ် (၆၇၄၈ ဒသမ ၅) ဘီလီယံ ကောက်ခံရရှိခဲ့ပါတယ်။ ၎င်းပမာဏတွင် ဝင်ငွေခွန် ကျပ် (၂၈၃၃ ဒသမ ၉) ဘီလီယံကျော် ကောက်ခံရရှိခဲ့ပါတယ်။

အစိုးရအနေဖြင့် ဝင်ငွေခွန်မှ လွတ်ကင်းနေသာ စည်းကြပ်ဝင်ငွေခွန်သတ်မှတ်ချက်ကို ယခုဘဏ္ဍာနှစ် တစ်နှစ်လုံးစာအတွက် ယမန်နှစ်များထက် လျှော့ချကောက်ခံမည်ဟု သတ်မှတ်ခဲ့ပြီး ဘဏ္ဍာနှစ်အစောပိုင်း (၂) လတာအတွင်း ထွက်လာသည့် ယခုထုတ်ပြန်ချက်က ဝင်ငွေခွန်မှ လွတ်ကင်းနေသော ဘဏ်အပ်ငွေများအပေါ် သတိပေးလိုက်ခြင်းလည်း ဖြစ်ပါတယ်။

Source: Myanmar Business Today

Read times Last modified on Monday, 02 December 2019 15:06
Rate this item
(0 votes)