Banking & Loan



ရန်ကုန်တိုင်းအတွင်းရှိ SMEs လုပ်ငန်းများကို ချေးငွေထုတ်ချေးပေးရန် စီစဉ်လျက်ရှိ

ရန်ကုန်တိုင်းအတွင်းရှိ SMEs လုပ်ငန်းများကို ချေးငွေထုတ်ချေးပေးရန် စီစဉ်လျက်ရှိ google

ရန်ကုန်တိုင်းအတွင်း လုပ်ငန်းလုပ်ကိုင်နေတဲ့ အသေးစားနဲ့ အလတ်စားစီးပွားရေး (SMEs) လုပ်ငန်းများကို ချေးငွေထုတ်ချေးရန် စီစဉ်လျက်ရှိပြီး

ခရီးသွားလုပ်ငန်း၊ ငါးမွေးမြူရေးလုပ်ငန်းနဲ့ စက်မှုလက်မှုလုပ်ငန်းများကို အဓိကထားထုတ်ချေးသွားရန် ရွေးချယ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးမှာ ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှ သိရပါတယ်။

“ ပထမအဆင့်အနေနဲ့ SME လုပ်ငန်း (၁၀၀) ကို ချေးငွေထုတ်ပေးဖို့ ဆောင်ရွက်ခဲ့ပါတယ်။ လုပ်ငန်း (၁၀၀) ထဲက (၄၀) ကျော်ကတော့ SME ချေးငွေကို ရရှိပြီးပြီ။ ကျန်ရှိတဲ့ ချေးငွေမရရှိသေးတဲ့သူတွေအတွက် ထောက်ခံပေးပြီး ချေးငွေရအောင် ဆောင်ရွက်ပေးသွားမှာပါ။ ဒါ့အပြင် SME လုပ်ငန်း ဆောင်ရွက်တဲ့အခါမှာ ငွေသုံးစွဲမှု စာရင်းတွေကို စနစ်တကျဖြစ်ဖို့အတွက်လည်း ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ် ” လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

Candles (ဖယောင်းတိုင်ထုတ်လုပ်ငန်းများကို ရှာရန်နှိပ်ပါ)

ပထမအဆင့်အနေနဲ့ ချေးငွေရရှိရန် အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ SME လုပ်ငန်း (၁၀၀) အနက်အပြင် ထပ်မံပြီး လုပ်ငန်းပေါင်း (၁၀၀) ကို ချေးငွေထပ်ထုတ်ပေးရန် စာရင်းကောက်ခံမှုများ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။

SME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်နဲ့ ဈေးကွက်ယှဉ်ပြိုင်နိုင်မယ့် ထုတ်ကုန်များ ထုတ်လုပ်ရန် ငွေကြေးလိုအပ်နေတဲ့အတွက် ချေးငွေထုတ်ချေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိမှာ ချေးငွေမရရှိသေးတဲ့ လုပ်ငန်းများအတွက် ချေးငွေထုတ်ချေးနိုင်ရန် ဘဏ်များနဲ့ ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါတယ်။

“၀န်ကြီးချုပ်က SME လုပ်ငန်းတွေကို ချေးငွေထုတ်ချေးဖို့ပြောတယ်။ ချေးတဲ့အခါမှာလည်း အလားအလာကောင်းတဲ့ လုပ်ငန်းတွေကို ရွေးချယ်ဖို့ ပြောလာတယ်။ အလားအလာကောင်းတဲ့ လုပ်ငန်းတွေကတော့ ပန်းပုလုပ်ငန်း၊ ယွန်းထည်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ငါးမွေးမြူရေးလုပ်ငန်းတွေ” ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

 

Read More >>> ကိုရီးယားမှ ရရှိသည့် ချေးငွေ ကန်ဒေါ်လာ သန်းတစ်ထောင်ကို ကဏ္ဍ (၄) ခုတွင် အသုံးပြုမည်

SMEလုပ်ငန်းများကို ချေးငွေထုတ်ချေးရာတွင် အပေါင်ပစ္စည်းမပါဘဲ ချေးငွေထုတ်ချေးမယ်ဆိုပါက ကျပ်သိန်း (၂၀၀) မှ ကျပ်သိန်း (၅၀၀) အထိသာ ထုတ်ချေးမှာဖြစ်ပြီး တစ်နှစ်လျှင် ဘဏ်အတိုးအဖြစ် (၁၃ ) ရာခိုင်နှုန်း ပေးဆောင်ရမှာဖြစ်ပါတယ်။

အာမခံနိုင်မယ့် အပေါင်ပစ္စည်းပေးနိုင်မယ်ဆိုပါက ကျပ်ငွေသိန်း (၂၀၀၀) မှ ကျပ်ငွေသိန်း (၃၀၀၀) အထိ ထုတ်ချေးနိုင်မှာဖြစ်ပြီး တစ်နှစ်လျှင် ဘဏ်တိုး (၈.၅) ရာခိုင်နှုန်း ပေးဆောင်ရမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ထားတဲ့ SME လုပ်ငန်းမှာ လေးသောင်းကျော်အထိရှိကြောင်း သိရပါတယ်။

 

Source: Myanmar Business Today
Myanmar Industry Directory

Read times
Rate this item
(0 votes)