Banking & Loan



အတိုးနှုန်းများကို မိမိမူဝါဒအရ လွတ်လပ်စွာ သတ်မှတ်နိုင်ရန် ဗဟိုဘဏ် စီစဉ်နေ

အတိုးနှုန်းများကို မိမိမူဝါဒအရ လွတ်လပ်စွာ သတ်မှတ်နိုင်ရန် ဗဟိုဘဏ် စီစဉ်နေ google

နိုင်ငံတွင်းရှိ ဘဏ်များအနေဖြင့် အတိုးနှုန်းကို သတ်မှတ်ရာတွင် မိမိတို့ရဲ့ မူဝါဒများအတိုင်း သတ်မှတ်နိုင်ရန်အတွက် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သိရပါတယ်။

“အနာဂတ်မှာ ဗဟိုဘဏ်က မူဝါဒအတိုးနှုန်းတစ်ရပ်ကိုသာ သတ်မှတ်ပြီး ဘဏ်များကနေပြီးတော့ မိမိမူဝါဒအရ အတိုးနှုန်းများကို လွတ်လပ်စွာ သတ်မှတ်နိုင်မယ့် အခြေအနေ ထိရောက်ရှိအောင် အတိုးနှုန်း ဖြေလျော့မှုများကိုလည်း တဆင့်ပြီးတဆင့် ဆောင်ရွက်သွားမှာဖြစ်ပြီ့း ဆောင်ရွက်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ အကူအညီရယူရန်လည်းကောင်း၊ အခြားနိုင်ငံများရဲ့ ဆောင်ရွက်ချက်အတွေ့အကြုံများကို လေ့လာခြင်းဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိပါတယ်” လို့ ဗဟိုဘဏ် ဒုတိယဥက္ကဌဖြစ်သူ ဦးစိုးမင်းက ပြောပါတယ်။

Paper Mills (စက္ကူစက်ရုံ ၇ ရုံကို ရှာရန် နှိပ်ပါ)

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်နဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွေမှာ ငွေကြေးမူဝါဒ အထောက်အထည်ဖော်ဆောင်မှုနဲ့ ငွေရေးကြေးရေး တည်ငြိမ်မှု အခြေအနေအစီရင်ခံစာအပေါ် ပြန်လည်ရှင်းလင်းတဲ့အခါ ဦးစိုးမင်းမှ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

အတိုးနှုန်းကို ဘဏ်များရဲ့ မူဝါဒအတိုင်း လွတ်လပ်စွာ သတ်မှတ်နိုင်မယ့် အချိန်ကာလဟာ အချို့နိုင်ငံတွေမှာ (၅) နှစ်မှ စပြီး နှစ် (၂၀) ကြား ကြာတတ်ကြောင်း သိရပါတယ်။ ထိုသို့ ကြာမြင့်တဲ့အတွက် အချိန်ယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ဦးစိုးမင်းက ပြောပါတယ်။

 

Read More >>> ဗဟိုဘဏ်ထိန်းကျောင်းနေပြီဖြစ်၍ ဘဏ်ကောလာဟလများအပေါ် မစိုးရိမ်ရန် တာဝန်ရှိသူများပြောကြား

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းနဲ့ ပက်သတ်ပြီး ၂၀၁၂ ဇန်နဝါရီလကစကာ ဗဟိုဘဏ်လျော့နှုန်းကို (၁၀) နှုန်း သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။ ဘဏ်များအတွက် အထိုက်အလျောက် လွတ်လပ်ခွင့်ရှိတဲ့ အတိုးနှုန်းဖွဲ့စည်းမယ့် ပုံသဏ္ဍန်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရ်ီလကပင် စတင်ဆောင်ရွက်ထားကြောင်း သိရပါတယ်။

 

Source: The Fifth Wave
Myanmar Industry Directory

Read times Last modified on Tuesday, 10 September 2019 10:46
Rate this item
(0 votes)