Banking & Loan



ကိုရီးယားမှ ရရှိသည့် ချေးငွေ ကန်ဒေါ်လာ သန်းတစ်ထောင်ကို ကဏ္ဍ (၄) ခုတွင် အသုံးပြုမည်

ကိုရီးယားမှ ရရှိသည့် ချေးငွေ ကန်ဒေါ်လာ သန်းတစ်ထောင်ကို ကဏ္ဍ (၄) ခုတွင် အသုံးပြုမည် google

ကိုရီးယားနိုင်ငံ အစိုးရက ထုတ်ချေးတဲ့ ချေးငွေ အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကို လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊

ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍနဲ့ စွမ်းအင်ကဏ္ဍတို့မှာ အသုံးပြုသွားမှာဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောပါတယ်။

"ကိုရီးယားနိုင်ငံက အကူညီပေးမယ့် Economic Development Cooperation Fund (EDCF) ချေးငွေကို ဝန်ကြီးဌာနက လက်ခံပေးရပါတယ်။ ဝန်ကြီးက လက်ခံထားပေမယ့် ဒီမှာသုံးစွဲမှာတွေက အများကြီးရှိပါတယ်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ဖြစ်ပါတယ်" လို့ ၎င်းကပြောပါတယ်။

ကိုရီးယားနိုင်ငံမှ Economic Development Cooperation Fund (EDCF) အနေဖြင့် အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကို မြန်မာနိုင်ငံသို့ ထုတ်ချေးပေးခြင်းဖြစ်ပြီး ၎င်းချေးငွေကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်မှုဝန်ကြီးဌာန ဝန်ကြီး ဦးသောင်းထွန်းက လက်မှတ်ထိုး လက်ခံရယူခဲ့ခြင်းဖြစ်ပါတယ်။

အထည်ချုပ်လုပ်ငန်း (၂၂) ခုကိုရှာရန် နှိပ်ပါ

အဆိုပါ ချေးငွေကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က ဆောင်ရွက်မယ့် စီမံကိန်းများမှာ သုံးစွဲသွားမှာဖြစ်ကြောင်း သိရပါတယ်။

"ဒါကလဲ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကနေ ဆောင်ရွက်ပေးတယ်ဆိုပေမယ့် ဒီဝန်ကြီးဌာနက ရယူလုပ်ဆောင်သွားမှာ မဟုတ်ပါဘူး။ သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးကို ကိုရီးယားနိုင်ငံရဲ့ EDCF အနေနဲ့ ထုတ်ချေးတာဖြစ်ပါတယ်။ အဓိကတော့ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွေ၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွေ စွမ်းအင်ကဏ္ဍတွေမှာ အသုံးပြုဖို့ပဲ ဖြစ်ပါတယ်။ ဒါကိုလဲ သက်ဆိုင်ရာဝန်ကြီးဌာနက လုပ်ဆောင်မယ့် အနေထားကို သွားညှိနှိုင်းထားပြီးတော့မှ ဆောင်ရွက်တာဖြစ်ပါတယ်။ ကိုရီးယားဘက်က ကမ်းလှမ်းလို့ ဒီဘက်က လုပ်ချင်တဲ့ လုပ်ငန်းမျိုးတွေကို လုပ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့တော့ မဆိုင်ပါဘူး။ ဒီလုပ်ငန်းတွေက အစိုးရအချင်းချင်း ချေးငှားတာဖြစ်တဲ့ အတွက် တချို့လဲ MIC မှာ လာရောက် တင်ပြစရာ မလိုပါဘူး" လို့ ဦးသန့်စင်လွင်က ပြောပါတယ်။

၎င်းချေးငွေကို အတိုးနှုန်း (ဝ.ဝ၁) ရာခိုင်နှုန်းနဲ့ ထုတ်ချေးခြင်းဖြစ်ပြီး ဆိုင်းငံ့ကာလ (၁၅) နှစ် အပါအဝင် ပြန်ဆပ်ရမယ့် ကာလမှာ နှစ် (၄ဝ) ဖြစ်ကာ တစ်နှစ်ကို (၂) ကြိမ် ပြန်လည်ပေးဆပ်ရမှာဖြစ်ကြောင်း သိရပါတယ်။ ဒါ့ပြင် ချေးငွေ ပေးဆပ်ရေး ပျက်ကွက်မှု ဒဏ်ကြေးမှာ (၂) ရာခိုင်နှုန်းဖြစ်ပြီး ဝန်ဆောင်မှုစရိတ်မှာ (ဝ.၁) ရာခိုင်နှုန်း ပေးသွင်းရမှာဖြစ်ကြောင်း သိရပါတယ်။

Source: The Fifth Wave News

Myanmar Industry Directory

 

<<<Zawgyi>>>

ကုိရီးယားမွ ရရွိသည့္ ေခ်းေငြ ကန္ေဒၚလာ သန္းတစ္ေထာင္ကုိ က႑ (၄) ခုတြင္ အသံုးျပဳမည္

ကိုရီးယားႏိုင္ငံ အစိုးရက ထုတ္ေခ်းတဲ့ ေခ်းေငြ အေမရိကန္ေဒၚလာ သန္းတစ္ေထာင္ကို လယ္ယာစိုက္ပ်ိဳးေရးက႑၊ ေဆာက္လုပ္ေရးက႑၊ ပို႔ေဆာင္ဆက္သြယ္ေရးက႑နဲ႔ စြမ္းအင္က႑တို႔မွာ အသုံးျပဳသြားမွာျဖစ္ေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားညႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးသန္႔စင္လြင္က ေျပာပါတယ္။

"ကိုရီးယားနိုင္ငံက အကူညီေပးမယ့္ Economic Development Cooperation Fund (EDCF) ေခ်းေငြကို ဝန္ႀကီးဌာနက လက္ခံေပးရပါတယ္။ ဝန္ႀကီးက လက္ခံထားေပမယ့္ ဒီမွာသံုးစြဲမွာေတြက အမ်ားႀကီးရွိပါတယ္။ လယ္ယာစိုက္ပ်ိဳးေရးနွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ ပို႔ေဆာင္ေရးနွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန၊ လ်ွပ္စစ္နွင့္ စြမ္းအင္ဝန္ႀကီးဌာနနဲ႔ ေဆာက္လုပ္ေရးဝန္ႀကီးဌာနတို႔ ျဖစ္ပါတယ္" လုိ႔ ၎ကေျပာပါတယ္။

ကိုရီးယားႏိုင္ငံမွ Economic Development Cooperation Fund (EDCF) အေနျဖင့္ အေမရိကန္ေဒၚလာ သန္းတစ္ေထာင္ကို ျမန္မာႏိုင္ငံသို႔ ထုတ္ေခ်းေပးျခင္းျဖစ္ၿပီး ၎ေခ်းေငြကို ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္မႈဝန္ႀကီးဌာန ဝန္ႀကီး ဦးေသာင္းထြန္းက လက္မွတ္ထိုး လက္ခံရယူခဲ့ျခင္းျဖစ္ပါတယ္။

Garment Manufacturers (အထည္ခ်ဳပ္လုပ္ငန္း (၂၂) ခုကုိရွာရန္ ႏွိပ္ပါ)

အဆိုပါ ေခ်းေငြကို လယ္ယာစိုက္ပ်ိဳးေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန၊ လ်ွပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနနဲ႔ ေဆာက္လုပ္ေရးဝန္ႀကီးဌာနတို႔က ေဆာင္ရြက္မယ့္ စီမံကိန္းမ်ားမွာ သုံးစြဲသြားမွာျဖစ္ေၾကာင္း သိရပါတယ္။

"ဒါကလဲ နိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနကေန ေဆာင္႐ြက္ေပးတယ္ဆိုေပမယ့္ ဒီဝန္ႀကီးဌာနက ရယူလုပ္ေဆာင္သြားမွာ မဟုတ္ပါဘူး။ သက္ဆိုင္ရာဝန္ႀကီးဌာန အသီးသီးကို ကိုရီးယားနိုင္ငံရဲ႕ EDCF အေနနဲ႔ ထုတ္ေခ်းတာျဖစ္ပါတယ္။ အဓိကေတာ့ လယ္ယာစိုက္ပ်ိဳးေရးက႑ေတြ၊ ပို႔ေဆာင္ဆက္သြယ္ေရးက႑ေတြ စြမ္းအင္က႑ေတြမွာ အသံုးျပဳဖို႔ပဲ ျဖစ္ပါတယ္။ ဒါကိုလဲ သက္ဆိုင္ရာဝန္ႀကီးဌာနက လုပ္ေဆာင္မယ့္ အေနထားကို သြားညႇိနွိုင္းထားၿပီးေတာ့မွ ေဆာင္႐ြက္တာျဖစ္ပါတယ္။ ကိုရီးယားဘက္က ကမ္းလွမ္းလို႔ ဒီဘက္က လုပ္ခ်င္တဲ့ လုပ္ငန္းမ်ိဳးေတြကို လုပ္ပါတယ္။ ရင္းနွီးျမႇဳပ္နွံမႈနဲ႔ေတာ့ မဆိုင္ပါဘူး။ ဒီလုပ္ငန္းေတြက အစုိးရအခ်င္းခ်င္း ေခ်းငွားတာျဖစ္တဲ့ အတြက္ တခ်ဳိ႕လဲ MIC မွာ လာေရာက္ တင္ျပစရာ မလိုပါဘူး" လုိ႔ ဦးသန္႔စင္လြင္က ေျပာပါတယ္။ 

**ေတာင္ကုိရီးယားနုိင္ငံ EDCF မွ ေခ်းေငြ အေမရိကန္ေဒၚလာ (၁၅၅.၅၉၅) သန္းရရွိ**

၎ေခ်းေငြကို အတိုးႏႈန္း (ဝ.ဝ၁) ရာခိုင္ႏႈန္းနဲ႔ ထုတ္ေခ်းျခင္းျဖစ္ၿပီး ဆိုင္းင့ံကာလ (၁၅) ႏွစ္ အပါအဝင္ ျပန္ဆပ္ရမယ့္ ကာလမွာ ႏွစ္ (၄ဝ) ျဖစ္ကာ တစ္ႏွစ္ကို (၂) ႀကိမ္ ျပန္လည္ေပးဆပ္ရမွာျဖစ္ေၾကာင္း သိရပါတယ္။ ဒါ႔ျပင္ ေခ်းေငြ ေပးဆပ္ေရး ပ်က္ကြက္မႈ ဒဏ္ေၾကးမွာ (၂) ရာခိုင္ႏႈန္းျဖစ္ၿပီး ဝန္ေဆာင္မႈစရိတ္မွာ (ဝ.၁) ရာခိုင္ႏႈန္း ေပးသြင္းရမွာျဖစ္ေၾကာင္း သိရပါတယ္။

 

Source: The Fifth Wave News
Myanmar Industry Directory

Read times Last modified on Monday, 24 February 2020 16:52
Rate this item
(1 Vote)