Banking & Loan



ဗဟိုဘဏ်ထိန်းကျောင်းနေပြီဖြစ်၍ ဘဏ်ကောလာဟလများအပေါ် မစိုးရိမ်ရန် တာဝန်ရှိသူများပြောကြား

ဗဟိုဘဏ်ထိန်းကျောင်းနေပြီဖြစ်၍ ဘဏ်ကောလာဟလများအပေါ် မစိုးရိမ်ရန် တာဝန်ရှိသူများပြောကြား google

ဗဟိုဘဏ်နဲ့ တွေ့ဆုံဆွေးနွေးရာ ဘဏ်ကောလာဟလများအပေါ် စိတ်မပူရန် ဗဟိုဘဏ်ကထိန်းကျောင်းနေပြီ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

စက်တင်ဘာ ၃ ရက်က ၎င်းကော်မတီနဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့အပါအဝင် တာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးခြင်းကို စက်တင်ဘာ ၄ ရက်က ပြည်ထောင်စုလွှတ်တော်မှာ မီဒီယာများနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

‘‘ဗဟိုဘဏ်အနေနဲ့ အများကြီးထိန်းကျောင်းနေပြီး ပြည်သူလူထုတွေ စိတ်ချမ်းချမ်းသာသာနဲ့ နေပါ’’ လို့ ဗဟိုဘဏ်တာဝန်ရှိသူများက ဘဏ်ကောလာဟလများနဲ့ ပတ်သက်ပြီး မစိုးရိမ်ရန်နဲ့ ဗဟိုဘဏ်က ထိန်းကျောင်းနေပြီဖြစ်ကြောင်း ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

Insurance Agents (အာမခံလုပ်ငန်း ၆ ခုကိုရှာရန် နှိပ်ပါ)

ဒါ့အပြင် ရွှေဈေးတက်နေခြင်းကလည်း ကမ္ဘာ့ရွှေဈေးတက်နေပြီး လိုက်ပါတက်နေရတာကြောင့် ထိန်းကျောင်းတည့်မတ်ရန် အထွေအထူးမလုပ်နိုင်ကြောင်း ဗဟိုဘဏ်က ပြောဆိုခဲ့တယ်လို့ ၎င်းကရှင်းပြပါတယ်။

လက်ရှိရေးဆွဲနေတဲ့ နိုင်ငံခြားချေးငွေ စီမံခန့်ခွဲရေးဥပဒေမှာ ရွှေနဲ့ပတ်သက်ပြီး မပါရှိတာကြောင့် ရွှေနဲ့ပတ်သက်ပြီး အရေးယူနိုင်တဲ့ ဥပဒေများထည့်ရန် ဆွေးနွေးခဲ့ကြောင်း ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

‘‘ဒီဥပဒေထဲမှာ (နိုင်ငံခြား ချေးငွေစီမံခန့်ခွဲရေးဥပဒေ) ကျွန်မတို့ တိတိကျကျမပါတဲ့အခါ ဘယ်လိုဖောက်ဖျက်ရင် ဘယ်လိုအရေးယူမလဲ။ ဘယ်လိုလုပ်ငန်းတွေ မဆောင်ရွက်ရဘူး၊ ဘယ်လိုလုပ်ငန်းတွေ ဆောင်ရွက်ရမယ် တိကျတဲ့ဥပဒေပုဒ်မ၊ တားမြစ်ချက်၊ ကန့်သတ်ချက်ပါနိုင်ဖို့ရာအတွက် ဥပဒေမှာ ထည့်သွင်းရေးဆွဲဖို့ပြောခဲ့ပါတယ်’’ လို့ ၎င်းက ဆက်လက်ပြောပါတယ်။

**တောင်ကိုရီးယား ဘဏ္ဍာရေး လုပ်ငန်းများကြား ရေပန်းစားနေတဲ့ မြန်မာနိုင်ငံ**

အခုလိုထည့်သွင်းဖို့ တာဝန်ရှိသူများနဲ့ တိုင်ပင်လုပ်ဆောင်မှာဖြစ်ပြီး ၎င်းဥပဒေကို ယခုနှစ်မကုန်မီ လွှတ်တော်သို့ တင်သွင်းမှာဖြစ်ကြောင်း ဒေါ်ခင်စန်းလှိုင်က ဆိုပါတယ်။

 

Source: 7Day Daily
Myanmar Industry Directory

Read times
Rate this item
(0 votes)