Banking & Loan



တောင်ကိုရီးယားနိုင်ငံ EDCF မှ ချေးငွေ အမေရိကန်ဒေါ်လာ (၁၅၅.၅၉၅) သန်းရရှိ

တောင်ကိုရီးယားနိုင်ငံ EDCF မှ  ချေးငွေ အမေရိကန်ဒေါ်လာ (၁၅၅.၅၉၅) သန်းရရှိ MOI

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနဲ့ Export-Import Bank of Korea မှ

Deputy President Mr. Kang Seung-Joong တို့ စက်တင်ဘာ (၃) ရက်က နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှာ တွေ့ဆုံကာ ကိုရီးယားနိုင်ငံ Economic Development Cooperation Fund (EDCF) မှ ချေးငွေရယူရေး လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။

EDCF မှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မယ့် သတင်းအချက်အလက်ဗဟိုဌာနကြီး တည်ဆောက်ရေးစီမံကိန်း (e-Government Integrated Data Center - eGIDC) အတွက် ချေးငွေ အမေရိကန်ဒေါ်လာ (၉၃.၇၇၉) သန်းနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မယ့် ကိုရီးယား-မြန်မာ စက်မှုဇုန်စီမံကိန်း ပြင်ပအခြေခံအဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းအတွက် ချေးငွေ အမေရိကန်ဒေါ်လာ ( ၆၁.၈၁၆)သန်းကို ရယူသွားမှာဖြစ်ပါတယ်။

Paint & Varnish (သုတ်ဆေးနှင့်ချိပ်ဆေးဝယ်ယူနိုင်သည့်လုပ်ငန်း ၅၂၇ ခုကိုရှာရန် နှိပ်ပါ)

၎င်းချေးငွေနှစ်ခုမှာ ကိုရီးယားသမ္မတနိုင်ငံရဲ့ EDCF သက်သာသော ချေးငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ အောက်မှ ပေးအပ်တဲ့ ချေးငွေဖြစ်ပြီး ချေးငွေစည်းကမ်းချက်များမှာ အတိုးနှုန်း (၀.၀၁) ရာခိုင်နှုန်း၊ ၀န်ဆောင်ခအဖြစ် (၀.၁) ရာခိုင်နှုန်းကို ချေးငွေ ထုတ်ယူတဲ့အချိန်မှာ ပေးချေရမှာဖြစ်ပြီး ချေးငွေသက်တမ်းမှာ ဆိုင်းငံ့ကာလ (၁၅)နှစ်၊ ပြန်ဆပ်ကာလ (၂၅)နှစ်ဖြင့် စုစုပေါင်း ချေးငွေ သက်တမ်းမှာ နှစ် (၄၀) ဖြစ်ကြောင်း သိရပါတယ်။

EDCF ချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မယ့် သတင်းအချက်အလက်ဗဟိုဌာနကြီး တည်ဆောက်ခြင်း စိမံကိန်းကာလမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အထိ သုံးနှစ်ဖြစ်ပြီး ပင်မအဆောက်အဦ (eGiDC) ကို နေပြည်တော်နဲ့ Disaster Recovery Center (DRC) ကို ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့မှာ တည်ဆောက်သွားမှာဖြစ်ပါတယ်။

**တောင်ကိုရီးယား ဘဏ္ဍာရေး လုပ်ငန်းများကြား ရေပန်းစားနေတဲ့ မြန်မာနိုင်ငံ**

ကိုရီးယား-မြန်မာ Industrial Complex (KMIC) စီမံကိန်းကာလမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အထိ သုံးနှစ်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်သင်တန်းကျောင်းရှိ မြေဧရိယာ (၅၅၈) ဧကပေါ်မှာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

Source: MOI
Myanmar Industry Directory

Read times Last modified on Thursday, 05 September 2019 14:45
Rate this item
(0 votes)