Banking & Loan



တောင်ကိုရီးယား ဘဏ္ဍာရေး လုပ်ငန်းများကြား ရေပန်းစားနေတဲ့ မြန်မာနိုင်ငံ

တောင်ကိုရီးယား ဘဏ္ဍာရေး လုပ်ငန်းများကြား ရေပန်းစားနေတဲ့ မြန်မာနိုင်ငံ google

ဆိုးလ် - တောင်ကိုရီးယားရှိ ဘဏ္ဍာရေးလုပ်ငန်းများအတွက် မြန်မာနိုင်ငံမှာ လူကြိုက်အများဆုံး ရည်မှန်းရာနေရာ ဖြစ်လာကြောင်း ဘဏ္ဍာရေးဆိုင်ရာကြီးကြပ်ရေးဝန်ဆောင်မှု (FSS) ရဲ့ စုဆောင်းထားတဲ့ အချက်အလက်များက ဖော်ပြချက်အရ သိရပါတယ်။

ဇွန်လ (၃၀) ရက်အထိ နိုင်ငံပြင်ပမှာ လုပ်ငန်းခွဲ (၅၁) ခုဖွင့်လှစ်ရန် စီစဉ်ထားတဲ့ ကိုရီးယားဘဏ္ဍာရေးကုမ္ပဏီများဟာ ၎င်းတို့ရဲ့ ဘဏ်ခွဲများ၊ အထွေထွေ အာမခံလုပ်ငန်းများနဲ့ ငွေချေးလုပ်ငန်းများ စတဲ့လုပ်ငန်းခွဲ (၂၂) ခုရှိနှင့်ပြီးဖြစ်တဲ့ မြန်မာနိုင်ငံမှာ နောက်ထပ် လုပ်ငန်းခွဲ (၁၁) ခုဖွင့်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

၎င်းတို့က ဗီယက်နမ်မှာ နောက်ထပ်လုပ်ငန်းခွဲ (၉) ခု၊ စင်ကာပူမှာ (၄) ခု၊ အင်ဒိုနီးရှားမှာ (၄) ခု၊ အိန္ဒိယမှာ (၄) ခု၊ ဖိလစ်ပိုင်မှာ (၂) ခုနဲ့ ကမ္ဘောဒီးယားမှာ (၁) ခုဖွင့်ဖို့ စီစဉ်ထားပါတယ်။ မြန်မာနိုင်ငံကို လူကြိုက်များရခြင်းမှာ နိုင်ငံရဲ့ ဖွံ့ဖြိုးရေးအလားအလာ မြင့်မားခြင်းကြောင့်လို့ FSS က သုံးသပ်ထားပါတယ်။

Wood Industries (သစ်သားစက်ရုံ(၁၁၇)ခုကိုရှာရန် နှိပ်ပါ)

ဈေးကွက်လေ့လာမှုများအရ မြန်မာနိုင်ငံရဲ့ နှစ်စဉ်ဖွံ့ဖြိုးမှုနှုန်းမှာ ပျမ်းမျှ (၇) ရာခိုင်နှုန်းရှိတာကြောင့် ကမ္ဘာတစ်ဝန်း ဘဏ္ဍာရေးလုပ်ငန်းများကြား အာရုံစိုက်စရာဖြစ်လာကြောင်း သိရပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေလို ကြီးမားတဲ့ ထွန်းသစ်စ ဈေးကွက်များနဲ့ အိမ်နီးချင်း ဖြစ်နေတာကြောင့် ပထဝီအနေအထားအရ အားသာချက်လည်း ရှိနေပါတယ်။ါး့အပြင် မြန်မာအစိုးရက နိုင်ငံခြား ရင်းနှီးမြှုပ်နှံငွေအပေါ် စည်းကမ်းဥပဒေများကို များမကြာမီက ဖြေလျှော့ပေးထားပါတယ်။

၎င်းအားသာချက်များကြောင့် စက်တင်ဘာလဆန်းမှာ မြန်မာနိုင်ငံကို သွားရောက်မယ့် သမ္မတမွန်ဂျေအင်နဲ့အတူ လိုက်ပါမယ့် တောင်ကိုရီးယားရဲ့ နိုင်ငံပိုင်နဲ့ စီးပွားရေးဘဏ်များမှ အကြီးအကဲများက ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံသို့ သွားမယ့် ကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်မှာဖြစ်ကြောင်း ပြောကြားခဲ့ကြပါတယ်။

Waterproofing Products (ရေစိုခံပစ္စည်းထုတ်လုပ်ငန်း(၁၈)ခုကိုရှာရန် နှိပ်ပါ)

ဒေသတွင်း နိုင်ငံများနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆက်ဆံရေးများ ကောင်းလာစေရေး တောင်ကိုရီးယားအစိုးရရဲ့ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် မစ္စတာမွန်ဟာ စက်တင်ဘာ ၁ ရက်မှ ၆ ရက်အတွင်း ထိုင်း၊ မြန်မာနဲ့ လာအိုနိုင်ငံတွေဆီ သွားရောက်မှာဖြစ်ပါတယ်။

၎င်းနဲ့အတူလိုက်ပါမယ့် ဘဏ်လုပ်ငန်းရှင်များမှာ ကိုရီးယားဘဏ်များ ဖက်ဒရေးရှင်း ဥက္ကဋ္ဌနဲ့ စီအီးအိုကင်တေးယောင်၊ ကိုရီးယားစက်မှုဘဏ် ဥက္ကဋ္ဌ ကင်ဒူးဂျင်၊ ကိုရီးယားပို့ကုန်သွင်းကုန်ဘဏ် (Eximbank) ဒုဥက္ကဋ္ဌ ကန်ဆောင်ဂျုံး၊ ရှင်ဟန်ဘဏ်စီအီးအို ဂျင်အော့စ်ဒေါင်၊ ကေတီကွတ်ခ်မင်ဘဏ်စီအီးအို ဟာယင်၊ ကေအီးဘီဟာနာဘဏ် စီအီးအို ဂျီဆောင်ဂျူးနဲ့ ဘဏ္ဍာရေးလုပ်ငန်းစုဖူရီ ဥက္ကဋ္ဌ ရှောင်တေးဆောင်တို့ ပါဝင်ကြောင်း သိရပါတယ်။

၎င်းစီးပွားရေးဘဏ် (၄) ခုစလုံးမှာ မြန်မာနိုင်ငံတွင် ရုံး (သို့မဟုတ်) လုပ်ငန်းခွဲ (သို့မဟုတ်) လက်အောက်ခံလုပ်ငန်းရှိထားပြီး ဖြစ်ပါတယ်။ ကိုရီးယားစက်မှုဘဏ်နဲ့ Eximbank တို့မှာလည်း မြန်မာနိုင်ငံတွင် ရုံးများဖွင့်ထားပြီးဖြစ်ပါတယ်။

Read More >>> တောင်ကိုရီးယားဘဏ်လုပ်ငန်းတစ်ခုမှ မြန်မာ့ဈေးကွက်ထဲ ဝင်ရောက်ဖို့ စီစဉ်

ကိုရီးယားစက်မှုဘဏ် ဥက္ကဋ္ဌက ၎င်းတို့ရဲ့ ရန်ကုန်မြို့ရှိ ဒေသဆိုင်ရာရုံးကို လုပ်ငန်းခွဲတစ်ခုအဖြစ် ပြောင်းလဲရေး ၎င်းတို့ကုမ္ပဏီရဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး မြန်မာဗဟိုဘဏ်မှ အရာရှိများနဲ့ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း ၎င်းက ပြောပါတယ်။

 

Source: 7Day Daily
Myanmar Industry Directory

Read times
Rate this item
(0 votes)