Banking & Loan



တောင်ကိုရီးယားသမ္မတ မြန်မာနိုင်ငံသို့လာရောက်ရန်ရှိပြီး ဘဏ်ခွဲများ ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆွေးနွေးမည်

တောင်ကိုရီးယားသမ္မတ မြန်မာနိုင်ငံသို့လာရောက်ရန်ရှိပြီး ဘဏ်ခွဲများ ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆွေးနွေးမည် google

တောင်ကိုရီယားသမ္မတ မွန်ဂျေးအင်က မြန်မာနိုင်ငံသို့ လာမယ့်လအတွင်း လာရောက်ရန်ရှိပြီး ၎င်းခရီးစဉ်အတွင်း တောင်ကိုရီးယားဘဏ်အကြီးအကဲ

များလိုက်ပါကာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌနဲ့ တွေ့ဆုံပြီး တောင်ကိုရီးယားဘဏ်ခွဲများ ထပ်မံ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆွေးနွေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်က မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများဖြစ်တဲ့ ထိုင်း၊ လာအိုနိုင်ငံများသို့ လာမည့် စက်တင်ဘာလ (၁) ရက်မှ (၆) ရက်အထိ ခရီးထွက်ခွာမှာဖြစ်ပြီး မြန်မာနိုင်ငံသို့ စက်တင်ဘာ (၃) ရက်မှာ ရောက်ရှိမှာဖြစ်ကြောင်း သိရပါတယ်။

၎င်းခရီးစဉ်မှာ တောင်ကိုရီးယားသမ္မတနဲ့အတူ တောင်ကိုရီးယားဘဏ်များအဖွဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ကင်တေယောင်း၊ Industrial Bank of Korea (IBK) ဥက္ကဋ္ဌ ကင်ဒိုဂျင်နဲ့ Korea Export-Import Bank (Eximbank) ဒုတိယဥက္ကဋ္ဌ ကင်ဆောင်ဂျွန်း၊ စီးပွားရေးဘဏ်ကြီး လေးခုရဲ့ အမှုဆောင်ညွှန်ကြားရေးမှူးများဖြစ်ကြတဲ့ ဂျင်အုတ်ဒေါင် (ရှင်းဟန်ဘဏ်)၊ ကွာရင်း (KB Ko-okmin) ၊ ဂျီဆောင်ကျူး (KEB Hana) နဲ့ ဆွမ်တေရှောင်း (Woori) တို့လည်း လိုက်ပါလာမှာဖြစ်ကြောင်း သိရပါတယ်။

Soaps (ဆပ်ပြာထုတ်လုပ်လုပ်ငန်း(၁၄)ခုကိုရှာရန် နှိပ်ပါ)

မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ဥက္ကဋ္ဌရုံး) ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က “လက်ရှိမြန်မာနိုင်ငံမှာ ကိုရီးယားဘဏ်ခွဲတစ်ခုကို ခွင့်ပြုပေးထားတာရှိတယ်။ ပထမအကြိမ်၊ ဒုတိယအကြိမ် နှစ်ကြိမ် နိုင်ငံခြားဘဏ်ရွေးချယ်တဲ့အခါမှာ ကိုရီးယားဘဏ် တစ်ဘဏ်ဖြစ်တဲ့ ရှင်းဟန်ဘဏ်ပါထားပြီးပြီ။ တတိယအကြိမ် လိုင်စင်ပေးတဲ့အခါ သူတို့လည်း သတ်မှတ်တဲ့စည်းကမ်းနဲ့ ဝင်ပြီးလာအရွေးခံမှာပေါ့။ အခုတော့ IBK နဲ့ Exinbank နှစ်ဘဏ်က တောင်ကိုရီးယားသမ္မတခရီးစဉ်နဲ့ လိုက်ပါလာပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို လာရောက်တွေ့ဆုံဖို့ လုပ်ထားတာရှိပါတယ် ” လို့ ပြောပါတယ်။

 

Read More >>> တောင်ကိုရီးယားဘဏ်လုပ်ငန်းတစ်ခုမှ မြန်မာ့ဈေးကွက်ထဲ ဝင်ရောက်ဖို့ စီစဉ်

တောင်ကိုရီယားသမ္မတ မွန်ဂျေးအင်က စက်တင်ဘာလ (၁) ရက်မှာ ထိုင်းနိုင်ငံကို ဦးစွာသွားရောက်ပြီး စက်တင်ဘာလ (၃) ရက်မှာ မြန်မာနိုင်ငံသို့ ရောက်ရှိမှာဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံကာ မြန်မာနိုင်ငံမှတဆင့် လာအိုနိုင်ငံသို့ သွားရောက်မှာဖြစ်ကြောင်း သိရပါတယ်။

 

Source: Democracy Today
Myanmar Industry Directory

Read times Last modified on Tuesday, 03 September 2019 10:20
Rate this item
(1 Vote)