Banking & Loan



SME လုပ်ငန်း ၁၀၀ ကျော်ကို ချေးငွေထုတ်ပေးရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် စီစဉ်

SME လုပ်ငန်း ၁၀၀ ကျော်ကို ချေးငွေထုတ်ပေးရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် စီစဉ် google

ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ အငယ်စား၊ အသေးစားနဲ့ အလတ်စား (MSME) လုပ်ငန်းပေါင်း (၁၀၀) ကျော်ကို ချေးငွေများထုတ်ချေးရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပါတယ်။

“SME တွေ ဖွံ့ဖြိုးတိုးတက်အောင် ရန်ကုန်တိုင်းအတွင်းမှာ အဓိက ဦးစားပေးကြိုးစားရမှာပါ။ SME တွေ တိုးတက်ရေးက အရေးကြီးပါတယ်။ ပထမအဆင့်အနေနဲ့ SME လုပ်ငန်း (၁၀၀) ကိုစုပြီး ဒီအထဲက ချေးငွေမရသေးတဲ့သူတွေကို ဝန်ကြီးက ထောက်ခံပေးပြီး ချေးငွေရအောင် လုပ်ပေးပါတယ်။ နောက်ထပ် (၁၀၀) ကိုလည်း ချေးငွေထပ်ပေးနိုင်အောင် ပြင်ဆင်ပါမယ်” လို့ ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးမှာ ဩဂုတ်လ (၂၈) ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။

တိုင်းအစိုးရအနေနဲ့ ငွေစာရင်း သုံးစွဲတဲ့စာရင်းပိုင်းကို စနစ်တကျဖြစ်စေရန်အတွက် အသိပညာပေးခြင်း၊ ချေးငွေထုတ်ပေးနိုင်ရန် စာရင်းကောက်ခံခြင်း၊ အကြံပေးအဖွဲ့များဖွဲ့စည်းပြီး အကြံဉာဏ်များပေးခြင်း စတဲ့လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။

Fragrance (ရေမွှေးပစ္စည်းထုတ်လုပ်ငန်းများကို ရှာရန်နှိပ်ပါ)

ပထမအဆင့်အနေနဲ့ ချေးငွေထုတ်ပေးနိုင်ရန် ရွေးချယ်ထားတဲ့ အလားအလာရှိတဲ့ SME လုပ်ငန်း (၁၀၀) ကျော်ထဲမှာ လုပ်ငန်း (၄၀) ခန့်က ချေးငွေရရှိပြီးတာကြောင့် ကျန်တဲ့လုပ်ငန်း (၆၀) ကို ချေးငွေထုတ်ပေးနိုင်ရန် သက်ဆိုင်ရာဘဏ်များနဲ့ ချိတ်ဆက်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောပါတယ်။

ချေးငွေရယူရာတွင် အပေါင်ပစ္စည်းမပေးနိုင်ပါက လုပ်ငန်းအခြေအနေအပေါ် မူတည်ပြီး ကျပ်သိန်း (၂၀၀) မှ ကျပ်သိန်း (၅၀၀) အထိသာ ချေးငွေရရှိပြီး အပေါင်ပစ္စည်းပေးပါက အပေါင်ပစ္စည်းတန်ဖိုးအပေါ် မူတည်ကာ ကျပ်သိန်း (၂၀၀၀) မှ (၃၀၀၀) ခန့်အထိ အများဆုံး ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံမှ သိရပါတယ်။

တောင်သူနှင့် လုပ်ငန်းရှင်များ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းဆိုင်ရာချေးငွေများ ရယူနိုင်ပြီ

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မှတ်ပုံတင်ထားတဲ့ SME လုပ်ငန်းပေါင်း ခြောက်သောင်းသုံးရာကျော်ရှိပြီး စက်မှုလုပ်ငန်းပေါင်း လေးသောင်းခုနစ်ထောင်ကျော်ရှိကြောင်း ၎င်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ပြောကြားထားပါတယ်။

 

Source: The Voice
Myanmar Industry Directory

Read times Last modified on Thursday, 29 August 2019 15:10
Rate this item
(0 votes)