Banking & Loan



တောင်ကိုရီးယားဘဏ်လုပ်ငန်းတစ်ခုမှ မြန်မာ့ဈေးကွက်ထဲ ဝင်ရောက်ဖို့ စီစဉ်

တောင်ကိုရီးယားဘဏ်လုပ်ငန်းတစ်ခုမှ မြန်မာ့ဈေးကွက်ထဲ ဝင်ရောက်ဖို့ စီစဉ် Kookmin Bank

တောင်ကိုရီးယားနိုင်ငံမှ ဘဏ်လုပ်ငန်းတစ်ခုဖြစ်တဲ့ KB Kookmin Bank က မြန်မာ့ဈေးကွက်ထဲ ၀င်ရောက်ဖို့ ကြိုးပမ်းနေလျက်ရှိတယ်လို့ ၎င်းဘဏ်က ဇူလိုင် ( ၈ ) ရက်နေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

၎င်း KB Kookmin Bank မှ တာဝန်ရှိသူတစ်ဦးက “ မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းလိုင်စင် လျှောက်ဖို့ ကျွန်တော်တို့ စီစဉ်နေပါတယ်၊ မြန်မာဘဏ္ဍာရေး အာဏာပိုင်တွေဆီက အကြောင်းကြားမှုရတာနဲ့ လျှောက်မှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

၎င်းဘဏ်ဟာ၂၀၁၄ ခုနှစ် အစောပိုင်းတုန်းကလည်း မြန်မာနိုင်ငံမှာ လုပ်ငန်းလိုင်စင်ရဖို့ လျှောက်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။ KB Kookmin ရဲ့ microfinancing လုပ်ငန်းခွဲဖြစ်တဲ့ KB Finance ကတော့ ၂၀၁၇ မတ်လက မြန်မာနိုင်ငံမှာ စတင်ထူထောင်ထားပြီးဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ KB Microfinance Myanmar မှ လုပ်ငန်းခွဲ ( ၁၃ ) ခုကနေတဆင့် အိမ်ယာချေးငွေ၊ အသေးစားချေးငွေတွေကို ထုတ်ချေးနေလျက်ရှိကြောင်း သိရပါတယ်။

 

Source: SFJ Journal
Myanmar Industrial Directory

Read times
Rate this item
(1 Vote)