Agriculture & Livestock



ဂျပန်နိုင်ငံမှ မြန်မာ့လယ်ယာကုန်ထုတ်စွမ်းအားမြင့်တင်ရန် ဒေါ်လာ သုံးသန်း ပံ့ပိုးကူညီမည်

ဂျပန်နိုင်ငံမှ မြန်မာ့လယ်ယာကုန်ထုတ်စွမ်းအားမြင့်တင်ရန် ဒေါ်လာ သုံးသန်း ပံ့ပိုးကူညီမည် kyodonews

ဂျပန်နိုင်ငံမှ ကုန်ထုတ်လုပ်မှုတိုးမြှင့်ခြင်းနှင့် အရှေ့တောင်အာရှနိုင်ငံများ၏ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ဒေသအဖြစ်

မြန်မာနိုင်ငံတွင် ဆည်းမြောင်းစနစ်နှင့် စိုက်ပျိုးရေးဆိုင်ရာစီမံခန့်ခွဲမှု တိုးတက်လာစေရန် ယန်း (၃၉၀) သန်း (အမေရိကန်ဒေါ်လာ ၃.၆ သန်း) တန်ဖိုးရှိ စီမံကိန်းတစ်ရပ်ကို လာမည့်မေလအတွင်း စတင်ဖော်ဆောင်မှာဖြစ်ကြောင်း သိရပါတယ်။

စိုက်ပျိုးရေးစနစ်နှင့် ဆန်တန်ဖိုးကွင်းဆက်တိုးတက်လာစေရန် မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော ဆည်မြောင်းရေသောက်စနစ်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရှိ မြို့နယ်ခြောက်မြို့နယ်တွင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

၎င်းစီမံကိန်းအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် မြန်မာအစိုးရတို့က စီမံကိန်းဆိုင်ရာသဘောတူညီချက်တစ်ရပ်ကို ပြီးခဲ့တဲ့သီတင်းပတ်က နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

တောင်သူများအတွက် ရေစီမံခန့်ခွဲမှုအဖွဲ့အစည်းတစ်ခုတည်ထောင်ပြီး ရေအရင်းအမြစ် ပုံမှန်ရရှိစေရန်နှင့် ရွှေဘိုပေါ်ဆန်းဆန်ကို နာမည်ရဒေသထွက်ကုန်တစ်ခုဖြစ်လာအောင် အရည်အသွေးမြှင့်တင်ပေးခြင်းဖြင့် အမြတ်အစွန်းများ တိုးပွားလာအောင် ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

တောင်သူများ၏ ဝင်ငွေနှင့် စီမံခန့်ခွဲမှုစွမ်းရည်တိုးတက်လာစေမည့် အဆိုပါစီမံကိန်းကို ၂၀၂၀ ပြည့်နှစ် မေလမှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ ဆောင်ရွက်သွားမယ်လို့ JICA က ပြောကြားပါတယ်။

Read More >>> မြန်မာ့ဆန်စပါးကဏ္ဍကို ရာသီဥတုပြောင်းလဲခြင်းဒဏ်မှ ကာကွယ်ရန် ရေရှည်တည်တံ့သော ဆန်စပါးစီမံကိန်း မိတ်ဆက်မည်

မြန်မာနိုင်ငံလူဦးရေ၏ ၆၀ ရာခိုင်နှုန်းခန့်မှာ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်ကြပြီး စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးဖမ်းလုပ်ငန်းတို့မှာ ဂျီဒီပီ၏ (၃၀) ရာခိုင်နှုန်းခန့်ရှိပါတယ်။

သို့ရာတွင် မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးနည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် ဖြန့်ဖြူးမှုတွင် တိုးတက်မှုမရှိသဖြင့် တစ်ဟက်တာလျှင် အထွက်နှုန်းမှာ (၃ ဒသမ ၅) တန်မျှသာရှိပြီး ဗီယက်နမ်တွင် (၅.၅၄) တန်၊ အင်ဒိုနီးရှားတွင် (၅.၁၅) တန်၊ ဘင်္ဂလားဒေ့ရှ်တွင် (၄.၃၄) တန်တို့နဲ့ နှိုင်းယှဉ်ပါက နည်းပါးလျက်ရှိနေကြောင်း JICA ကဆိုပါတယ်။

မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ လယ်ယာစိုက်ပျိုးရေးမြှင့်တင်ရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းများကို ဆောင်ရွက်သွားမှာဖြစ်ပြီး ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဌာနမှ ရေအရင်းအမြစ် စီမံခန့်ခွဲရေးလုပ်ငန်များမှာ ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

စီမံကိန်း၏ တစ်စိတ်တစ်ဒေသအဖြစ် ဂျပန်နိုင်ငံက ရွှေဘိုခရိုင်ရှိ ဆည်မြောင်းများ၊ တံတားများနှင့် လမ်းမကြီးများ ပြုပြင်ရေးလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ကြောင်း JICA ကပြောပါတယ်။

Ref: https://english.kyodonews.net

Myanmar Industry Directory

 

>>>Zawgyi<<<

ဂ်ပန္ႏိုင္ငံမွ ျမန္မာ့လယ္ယာကုန္ထုတ္စြမ္းအားျမင့္တင္ရန္ ေဒၚလာ သုံးသန္း ပံ့ပိုးကူညီမည္

ဂ်ပန္ႏိုင္ငံမွ ကုန္ထုတ္လုပ္မႈတိုးျမွင့္ျခင္းႏွင့္ အေရွ႕ေတာင္အာရွႏုိင္ငံမ်ား၏ ဆင္းရဲႏြမ္းပါးမႈပေပ်ာက္ေရး ႀကိဳးပမ္းမႈမ်ား၏ တစ္စိတ္တစ္ေဒသအျဖစ္ ျမန္မာႏိုင္ငံတြင္ ဆည္းေျမာင္းစနစ္ႏွင့္ စိုက္ပ်ိဳးေရးဆိုင္ရာစီမံခန္႔ခြဲမႈ တုိးတက္လာေစရန္ ယန္း (၃၉၀) သန္း (အေမရိကန္ေဒၚလာ ၃.၆ သန္း) တန္ဖိုးရွိ စီမံကိန္းတစ္ရပ္ကို လာမည့္ေမလအတြင္း စတင္ေဖာ္ေဆာင္မွာျဖစ္ေၾကာင္း သိရပါတယ္။

စိုက္ပ်ိဳးေရးစနစ္ႏွင့္ ဆန္တန္ဖိုးကြင္းဆက္တိုးတက္လာေစရန္ ျမန္မာႏိုင္ငံ၏ အႀကီးမားဆုံးေသာ ဆည္ေျမာင္းေရေသာက္စနစ္ရွိရာ စစ္ကိုင္းတိုင္းေဒသႀကီး ေ႐ႊဘိုခ႐ိုင္ရွိ ၿမိဳ႕နယ္ေျခာက္ၿမိဳ႕နယ္တြင္ ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။

၎စီမံကိန္းအတြက္ ဂ်ပန္အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးေအဂ်င္စီ (JICA) ႏွင့္ ျမန္မာအစိုးရတို႔က စီမံကိန္းဆိုင္ရာသေဘာတူညီခ်က္တစ္ရပ္ကို ၿပီးခဲ့တဲ့သီတင္းပတ္က ေနျပည္ေတာ္မွာ လက္မွတ္ေရးထိုးခဲ့ပါတယ္။

ေတာင္သူမ်ားအတြက္ ေရစီမံခန႔္ခြဲမႈအဖြဲ႕အစည္းတစ္ခုတည္ေထာင္ၿပီး ေရအရင္းအျမစ္ ပုံမွန္ရရွိေစရန္ႏွင့္ ေရႊဘိုေပၚဆန္းဆန္ကို နာမည္ရေဒသထြက္ကုန္တစ္ခုျဖစ္လာေအာင္ အရည္အေသြးျမွင့္တင္ေပးျခင္းျဖင့္ အျမတ္အစြန္းမ်ား တုိးပြားလာေအာင္ ျပဳလုပ္ေပးသြားမွာျဖစ္ပါတယ္။

ေတာင္သူမ်ား၏ ဝင္ေငြႏွင့္ စီမံခန႔္ခြဲမႈစြမ္းရည္တိုးတက္လာေစမည့္ အဆိုပါစီမံကိန္းကို ၂၀၂၀ ျပည့္ႏွစ္ ေမလမွ ၂၀၂၄ ခုႏွစ္ ႏိုဝင္ဘာလအထိ ေဆာင္႐ြက္သြားမယ္လို႔ JICA က ေျပာၾကားပါတယ္။

ျမန္မာႏုိင္ငံလူဦးေရ၏ ၆၀ ရာခိုင္ႏႈန္းခန႔္မွာ လယ္ယာစိုက္ပ်ိဳးေရးလုပ္ကိုင္ၾကၿပီး စိုက္ပ်ိဳးေရး၊ သစ္ေတာႏွင့္ ငါးဖမ္းလုပ္ငန္းတို႔မွာ ဂ်ီဒီပီ၏ (၃၀) ရာခိုင္ႏႈန္းခန႔္ရွိပါတယ္။

သို႔ရာတြင္ ျမန္မာႏုိင္ငံမွာ စုိက္ပ်ိဳးေရးနည္းပညာဖြံ႔ၿဖိဳးတိုးတက္မႈႏွင့္ ျဖန္႔ျဖဴးမႈတြင္ တိုးတက္မႈမရွိသျဖင့္ တစ္ဟက္တာလွ်င္ အထြက္ႏႈန္းမွာ (၃ ဒသမ ၅) တန္မွ်သာရွိၿပီး ဗီယက္နမ္တြင္ (၅.၅၄) တန္၊ အင္ဒိုနီးရွားတြင္ (၅.၁၅) တန္၊ ဘဂၤလားေဒ့ရွ္တြင္ (၄.၃၄) တန္တို႔နဲ႔ ႏႈိင္းယွဥ္ပါက နည္းပါးလ်က္ရွိေနေၾကာင္း JICA ကဆိုပါတယ္။

ျမန္မာနိုင္ငံ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနမွ လယ္ယာစုိက္ပ်ိဳးေရးျမွင့္တင္ေရးႏွင့္ သက္ဆုိင္သည့္ လုပ္ငန္းမ်ားကို ေဆာင္ရြက္သြားမွာျဖစ္ၿပီး ဆည္ေျမာင္းနွင့္ ေရအသုံးခ်စီမံခန႔္ခြဲေရးဌာနမွ ေရအရင္းအျမစ္ စီမံခန႔္ခြဲေရးလုပ္ငန္မ်ားမွာ ပါဝင္ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။

စီမံကိန္း၏ တစ္စိတ္တစ္ေဒသအျဖစ္ ဂ်ပန္ႏိုင္ငံက ေ႐ႊဘိုခ႐ိုင္ရွိ ဆည္ေျမာင္းမ်ား၊ တံတားမ်ားႏွင့္ လမ္းမႀကီးမ်ား ျပဳျပင္ေရးလုပ္ငန္းကို စတင္ေဆာင္႐ြက္ခဲ့ေၾကာင္း JICA ကေျပာပါတယ္။

Ref: https://english.kyodonews.net

Read times
Rate this item
(0 votes)