Agriculture & Livestock



ချင်းပြည်နယ်ရှိ ဝဥစိုက်ပျိုးတောင်သူများကို ချေးငွေထုတ်ချေးပေးရန် စီစဉ်

ချင်းပြည်နယ်ရှိ ဝဥစိုက်ပျိုးတောင်သူများကို ချေးငွေထုတ်ချေးပေးရန် စီစဉ် google

ချင်းပြည်နယ်ရှိ ဝဥစိုက်တောင်သူများအတွက် တစ်ဧကလျှင် ငွေကျပ် (၁၅) သိန်းနှုန်းဖြင့် အသေးစား၊ အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် (SME Development Bank) မှ ထုတ်ချေးပေးနိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဝဥထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

တောင်သူများ ဝဥစိုက်ပျိုးနိုင်ရန်နဲ့ ချင်းပြည်နယ် တွန်းဇံမြို့နယ်ရှိ ဘိန်းအစားထိုး ဝဥစိုက်ပျိုးနိုင်ရန် SME Development Bank နှင့် ချင်းပြည်နယ်ရှိ အစိုးရတို့ပူးပေါင်းကာ ချင်းပြည်နယ်ရှိ မြို့နယ် (၉) မြို့နယ်အတွက် ငွေကျပ် သိန်း (၁၃၅၀၀)၊ မင်းတပ်မြို့နယ်ရှိ ဝဥအခြောက်ခံစက်ရုံအတွက် ငွေကျပ် သိန်း (၁၀၀၀)၊ တွန်းဇံမြို့နယ်ရှိ ဘိန်းအစားထိုးစိုက်ခင်းများအတွက် ငွေကျပ် သိန်း (၁၅၀၀) စုစုပေါင်း ငွေကျပ် သိန်း (၁၆၀၀၀) ထုတ်ချေးပေးရန် စီစဉ်နေခြင်းဖြစ်ပါတယ်။

Read More >>> တရုတ်ကုမ္ပဏီများက ဆေးခြောက်နွယ်ဝင် စက်မှုလျှော်ပင် စိုက်ပျိုးလိုကြောင်း ကမ်းလှမ်း

လတ်တလော ချင်းပြည်နယ်ရှိ မြို့နယ် (၉) မြို့နယ်တွင် တစ်မြို့နယ်လျှင် ငွေကျပ် သိန်း (၁၅၀၀) စီ၊ တစ်ဧကလျှင် ငွေကျပ် (၁၅) သိန်းဖြင့် ချေးငွေချထားပေးမှာဖြစ်ပြီး အတိုးနှုန်းမှာ သုံးနှစ်အတွင်း (၁၃) ရာခိုင်နှုန်းဖြစ်ကြောင်း၊ ဝဥတစ်ဧကစိုက်ပျိုးစရိတ်မှာ ငွေကျပ် သိန်း (၅၀) မှ (၆၀) ကြား ကုန်ကျလေ့ရှိရာ ယခုချေးငွေ ငွေကျပ် (၁၅) သိန်းမှာ တစ်ဧကကုန်ကျစရိတ်အတွက် လိုအပ်နေသေးပေမယ့်လည်း တောင်သူများအတွက် အကျိုးရှိနိုင်ကြောင်း သိရပါတယ်။

အခုလို စိုက်ပျိုးစရိတ်ထုတ်ချေးပေးသလို ကုမ္ပဏီများနဲ့ ပူးပေါင်းကာ အကျိုးတူလယ်ယာစနစ်ဖြင့် ဝဥစီမံကိန်းများ ပြုလုပ်ပေးပါကလည်း စိုက်ပျိုးသူများအပြင် သုံးဦးသုံးဖလှယ်အကျိုးဖြစ်ထွန်းနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

Source: Myawady

 

>>>Zawgyi<<<

ခ်င္းျပည္နယ္ရွိ ဝဥစုိက္ပ်ိဳးေတာင္သူမ်ားကို ေခ်းေငြထုတ္ေခ်းေပးရန္ စီစဥ္

ခ်င္းျပည္နယ္ရွိ ဝဥစုိက္ေတာင္သူမ်ားအတြက္ တစ္ဧကလွ်င္ ေငြက်ပ္ (၁၅) သိန္းႏႈန္းျဖင့္ အေသးစား၊ အလတ္စားလုပ္ငန္းမ်ားဖြံ႔ၿဖိဳးေရးဘဏ္ (SME Development Bank) မွ ထုတ္ေခ်းေပးႏုိင္ရန္ စီစဥ္ေနေၾကာင္း ျမန္မာႏုိင္ငံ ဝဥထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းမွ သိရပါတယ္။

ေတာင္သူမ်ား ဝဥစိုက္ပ်ိဳးႏုိင္ရန္နဲ႔ ခ်င္းျပည္နယ္ တြန္းဇံၿမိဳ႕နယ္ရွိ ဘိန္းအစားထိုး ဝဥစိုက္ပ်ိဳးႏုိင္ရန္ SME Development Bank ႏွင့္ ခ်င္းျပည္နယ္ရွိ အစိုးရတုိ႔ပူးေပါင္းကာ ခ်င္းျပည္နယ္ရွိ ၿမိဳ႕နယ္ (၉) ၿမိဳ႕နယ္အတြက္ ေငြက်ပ္ သိန္း (၁၃၅၀၀)၊ မငး္တပ္ၿမိဳ႕နယ္ရွိ ဝဥအေျခာက္ခံစက္႐ံုအတြက္ ေငြက်ပ္ သိန္း (၁၀၀၀)၊ တြန္းဇံၿမိဳ႕နယ္ရွိ ဘိန္းအစားထိုးစိုက္ခင္းမ်ားအတြက္ ေငြက်ပ္ သိန္း (၁၅၀၀) စုစုေပါင္း ေငြက်ပ္ သိန္း (၁၆၀၀၀) ထုတ္ေခ်းေပးရန္ စီစဥ္ေနျခင္းျဖစ္ပါတယ္။

Read More >>> တ႐ုတ္ကုမၸဏီမ်ားက ေဆးေျခာက္ႏြယ္ဝင္ စက္မႈေလ်ွာ္ပင္ စိုက္ပ်ိဳးလိုေၾကာင္း ကမ္းလွမ္း

လတ္တေလာ ခ်င္းျပည္နယ္ရွိ ၿမိဳ႕နယ္ (၉) ၿမိဳ႕နယ္တြင္ တစ္ၿမိဳ႕နယ္လ်ွင္ ေငြက်ပ္ သိန္း (၁၅၀၀) စီ၊ တစ္ဧကလွ်င္ ေငြက်ပ္ (၁၅) သိန္းျဖင့္ ေခ်းေငြခ်ထားေပးမွာျဖစ္ၿပီး အတိုးႏႈန္းမွာ သံုးႏွစ္အတြင္း (၁၃) ရာခိုင္ႏႈန္းျဖစ္ေၾကာင္း၊ ဝဥတစ္ဧကစိုက္ပ်ိဳးစရိတ္မွာ ေငြက်ပ္ သိန္း (၅၀) မွ (၆၀) ၾကား ကုန္က်ေလ့ရွိရာ ယခုေခ်းေငြ ေငြက်ပ္ (၁၅) သိန္းမွာ တစ္ဧကကုန္က်စရိတ္အတြက္ လုိအပ္ေနေသးေပမယ့္လည္း ေတာင္သူမ်ားအတြက္ အက်ိဳးရွိႏုိင္ေၾကာင္း သိရပါတယ္။

အခုလို စိုက္ပ်ိဳးစရိတ္ထုတ္ေခ်းေပးသလို ကုမၸဏီမ်ားနဲ႔ ပူးေပါင္းကာ အက်ိဳးတူလယ္ယာစနစ္ျဖင့္ ဝဥစီမံကိန္းမ်ား ျပဳလုပ္ေပးပါကလည္း စုိက္ပ်ိဳးသူမ်ားအျပင္ သံုးဦးသံုးဖလွယ္အက်ိဳးျဖစ္ထြန္းႏိုင္မွာျဖစ္ေၾကာင္း သိရပါတယ္။

Source: Myawady

Read times Last modified on Monday, 03 February 2020 17:01
Rate this item
(0 votes)