Agriculture & Livestock



စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးမှုဆိုင်ရာ စီမံကိန်း (၁၂) ခုအတွက် အမေရိကန်ဒေါ်လာ (၅) သန်း အသုံးပြုမည်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးမှုဆိုင်ရာ စီမံကိန်း (၁၂) ခုအတွက် အမေရိကန်ဒေါ်လာ (၅) သန်း အသုံးပြုမည် google

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ ဒုတိယအသုတ်အနေနဲ့ စုစုပေါင်း အမေရိကန်ဒေါ်လာ (၅) သန်းခန့်ကို စိုက်ပျိုးရေး၊

မွေးမြူရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်မှုဆိုင်ရာ စီမံကိန်း (၁၂) ခုအတွက် အသုံးပြုဆောင်ရွက်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ ဒုတိယအကြိမ်အနေနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းစုစုပေါင်း (၂၃) ခုကို အဆိုပြုခဲ့ရာ စီမံကိန်း (၁၂) ခု ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများက ၎င်းစီမံကိန်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၅) သန်းခန့်ဖြင့် ပေါင်းစည်းဆက်နွှယ်မှု၊ ထုတ်လုပ်မှုစွမ်းရည် ပူးပေါင်းဆောင်ရွက်မှု၊ နယ်စပ်ဖြတ်ကျော်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ရေအရင်းအမြစ်၊ စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စတဲ့ ကဏ္ဍ (၅) ခုကို ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြမှာဖြစ်ကြောင်း သိရပါတယ်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ မဲခေါင်နိုင်ငံ (၅) နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး မဲခေါင်ဒေသတွင်းနိုင်ငံများရဲ့ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးတိုးတတ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တစ်ခုဖြစ်ပါတယ်။

၎င်းစီမံကိန်းအစီအစဉ်များ ဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံအစိုးရက အထူးရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ သန်း (၃၀၀) စိုက်ထူ တည်ထောင်ပေးထားခြင်းဖြစ်ကြောင်း သိရပါတယ်။ ၎င်းစီမံကိန်းအရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကဏ္ဍအောက်မှ အဓိကဌာနအဖြစ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

 

Source: Ministry of Information
Myanmar Industry Directory

Read times Last modified on Thursday, 15 August 2019 14:02
Rate this item
(0 votes)