Agriculture & Livestock



မြန်မာ-အီတလီပူးပေါင်း၍ စက်မှုလယ်ယာဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်မည်

မြန်မာ-အီတလီပူးပေါင်း၍ စက်မှုလယ်ယာဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်မည် google

မြန်မာ-အီတလီပူးပေါင်းကာ မြန်မာနိုင်ငံရဲ့ လယ်ယာကဏ္ဍမှာ ရေစီမံခန့်ခွဲခြင်းနဲ့ စက်မှုလယ်ယာဖွံ့ဖြိုးရေးစီမံကိန်းကို မန္တလေးတိုင်းဒေသကြီးမှာ သုံးနှစ်ကြာ ဆောင်ရွက်မှာဖြစ်ကြောင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။

၎င်းစီမံကိန်းမှာ မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ် ရွှေလှံဗိုလ်မြစ်ရေတင်နဲ့ မြေအောက်ရေလုပ်ငန်းဆိုင်ရာ နည်းပညာစင်တာတည်ထောင်ခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်ရှိ အမှတ် (၆၁) စက်မှုလယ်ယာစခန်းမှာ စက်မှုလယ်ယာစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုလယ်ယာဆိုင်ရာ နည်းပညာစင်တာ (Technological Center for Agricultural Mechanization) တည်ထောင်ခြင်းတို့ ပါဝင်ပါတယ်။

လက်ရှိမှာ ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွားဘဝမြင့်မားလာစေဖို့နဲ့ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေဖို့ မိရိုးဖလာလုပ်ကွက်ငယ်လယ်မြေများကို စက်မှုလယ်ယာစနစ်ဖော်ဆောင်ခြင်း၊ ဆည်တာတမံကြီးများ၊ မြစ်ရေတင်စီမံကိန်းကြီးများကို ပိုမိုထိရောက်စွာ အကျိုးရှိရှိ ရေရှည်အသုံးပြုနိုင်ရေးအတွက် ထိန်းသိမ်းမွမ်းမံခြင်း၊ ရေကို အကျိုးရှိရှိ ထိရောက်စွာအသုံးပြုနိုင်ရေးဆိုင်ရာ ပညာပေးလုပ်ငန်းများနဲ့ သရုပ်ပြပွဲများပြုလုပ်ခြင်းတို့ ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း သိရပါတယ်။

Source: Myawady
Myanmar Industry Directory

Read times
Rate this item
(1 Vote)