Agriculture & Livestock



ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးဇုန်အတွင်း မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပေးမည်

ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးဇုန်အတွင်း မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပေးမည် google

ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတတ်ရေးအတွက် မြို့တွင်းမှာ မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုမှာမဟုတ်ဘဲ ညောင်နှစ်ပင် စိုက်ပျိုးရေးနှင့်မွေးမြူရေးဇုန်မှာ မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ခွင့်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် မွေးမြူရေးဇုန်အဖြစ် ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးဇုန်ကို သီးခြားသတ်မှတ်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရပါတယ်။

ရန်ကုန်မြို့တွင်း မွေးမြူရေးကန့်သတ်ဧရိယာမှာ လုပ်ကိုင်နေတဲ့ မွေးမြူရေးသမားများအနေနဲ့ ၂၀၁၉ -၂၀ ဘဏ္ဍာနှစ် မတ်လ ( ၃၁ ) ရက်နောက်ဆုံးထားပြီး ဖယ်ရှားပေးရမှာဖြစ်ကာ ကန့်သတ်ရက်အတွင်း မရွှေ့ပြောင်းပါက ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်ပါတယ်။

လက်ရှိ ဖယ်ရှားခြင်းမပြုရသေးတဲ့ မွေးမြူရေးလုပ်ငန်းတွေကို ဖြေလျှော့ပေးတဲ့အနေနဲ့ သတိပေးခြင်း၊ ပညာပေးအစီအစဉ်များနဲ့ တဖြည်းဖြည်းစည်းရုံးသိမ်းသွင်းခြင်းဖြင့် ဖယ်ရှားပေးနေကြာင်း သိရပါတယ်။

လက်ရှိ ရန်ကုန်မြို့တွင်းရှိ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံမြို့နယ်တို့အပြင် မြို့နယ် ( ၁၉ ) မြို့နယ်တို့ကို တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်မရှိတဲ့ နယ်မြေအဖြစ်သတ်မှတ်ထားပါတယ်။ နောက်ပိုင်း စည်ပင်သာယာနယ်နိမိတ် ( ၃၃ ) မြို့နယ်စလုံးမှာလည်း မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုတော့မှာမဟုတ်ကြောင်း သိရပါတယ်။

ညောင်နှစ်ပင် စိုက်ပျိုးရေးနှင့်မွေးမြူရေးဇုန်ကို ၁၉၉၉ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့ပြီး ဖွံ့ဖြိုးတိုးတတ်မှု နောက်ကျနေတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုက်ရိုက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

Source: Myawady, imyanmarhouse
Myanmar Industrial Directory

Read times
Rate this item
(1 Vote)