Agriculture & Livestock



ပြည်ပနိုင်ငံများမှ ပြောင်းဝယ်ယူမှုများကြောင့် မန္တလေးဈေးကွက်မှာ ပြောင်းဈေးကောင်းရနေ

ပြည်ပနိုင်ငံများမှ ပြောင်းဝယ်ယူမှုများကြောင့် မန္တလေးဈေးကွက်မှာ ပြောင်းဈေးကောင်းရနေ google

ထိုင်းနိုင်ငံ မြဝတီနယ်စပ်ဘက်နဲ့ ပြည်ပနိုင်ငံများမှ ပြောင်းဝယ်ယူနေခြင်းကြောင့် မန္တလေးဈေးကွက်မှာ အခုရက်ပိုင်းအတွင်း ပြောင်းဈေးကောင်းရနေတယ်လို့ မန္တလေးမြို့ ပဲနှမ်းကုန်သည်များထံက သိရပါတယ်။

မန္တလေးဈေးကွက်ထဲမှာ အရင် မေလအလယ်လောက်က ကျပ် ( ၁၉၅၀၀ ) ဈေး၊ တစ်ပိဿာ ကျပ် ( ၃၈၀ ) ဈေးရှိခဲ့ပြီး အခုအဲဒီလောက်ကနေ သုံးတင်းဝင် တစ်အိတ်ကို ကျပ် ( ၂၃၅၀၀ ) ဈေး၊ တစ်ပိဿာ ( ၄၃၅ ) ကျပ်အထိ ဈေးမြင့်လာပါတယ်။ အိုဗာစီးအနေနဲ့ ပြောင်းဝယ်တာရှိသလို ထိုင်းနိုင်ငံဘက်ကလည်း ဝယ်တာရှိတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး ပဲနှမ်းအသင်းဥက္ကဋ္ဌ ဦးချွန်က တရုတ်နိုင်ငံဘက်မှ ပြောင်းပြန်ဝယ်ယူမယ့် သတင်းစကားကြောင့် ပြောင်းဈေးကောင်းလာတာလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံဘက်က ပြောင်းတကယ် ဝယ်လာရင် ပြောင်းဈေးမြင့်တက်လာနိုင်စရာ ရှိပါတယ်။ လတ်တလောမှာတော့ တရုတ်ဘက်ကနေ ပြောင်းဝယ်တာတော့ မရှိသေးပါဘူး။ Oversea အဝယ်ရှိတာကြောင့် မန္တလေး - ရန်ကုန်ကားခ ဈေးက ( ၅၅ ) ကျပ်အထိ ဈေးတက်သွားပါတယ်။

 

အရင်တုန်းက မန္တလေး - ရန်ကုန် ကားခက ( ၂၈ ) ကျပ်ရှိပြီး အခုကျ ရန်ကုန် - မန္တလေး ကားခနဲ့ မန္တလေး - ရန်ကုန် ကားခဈေးက ပြောင်းပြန်ဖြစ်နေပါတယ်။ ရန်ကုန် - မန္တလေး ကားခက ( ၂၈ ) ကျပ်ရှိပြီး မန္တလေး - ရန်ကုန် ကားခက ( ၅၅ ) ကျပ်အထိ ဖြစ်လာတာ ဖြစ်ပါတယ်။ မန္တလေးကနေ ရန်ကုန်ဘက် ကုန်အဆင်းများပြီး ရန်ကုန်ဘက်က ဆန်၊ သကြားပို့ကုန်တို့ တက်မလာတာကြောင့် ရန်ကုန်အတက် ကုန်ဈေးမရဘဲ ကားသမားတွေက အဆင်း ကုန်ရတာ ဖြစ်တယ်လို့ ပြောကြားပါတယ်။

ဇွန် ( ၉ ) ရက်က မန္တလေး ပဲဈေးကွက်မှာ ပြည်ပကို အဓိက တင်ပို့ကုန်များဖြစ်တဲ့ ပဲစင်းငုံမှာ သုံးတင်းဝင် တစ်အိတ်ကို ကျပ် ( ၁၀၁၀၀၀ ) နှုန်းဖြင့်လည်းကောင်း၊ မြေထောက်ပဲမှာ ကျပ် ( ၁၂၈၀၀၀ ) နှုန်းဖြင့်လည်းကောင်း၊ ပဲတီစိမ်းမှာ ကျပ် ( ၁၀၈၀၀၀ ) နှုန်းဖြင့်လည်းကောင်း၊ မတ်ပဲသုံးတင်းဝင် တစ်အိတ်ကို ကျပ် ( ၈၂၀၀၀ ) နှုန်းဖြင့်လည်းကောင်း၊ နှမ်းနက်သုံးတင်းဝင် တစ်အိတ်ကို ကျပ် ( ၂၆၀၀၀၀ ) နှုန်းဖြင့်လည်းကောင်း၊ နှမ်းဖြူသုံးတင်းဝင် တစ်အိတ်ကို ကျပ် ( ၁၈၅၀၀၀ ) နှုန်းဖြင့်လည်းကောင်း၊ ပြောင်းဖူးစေ့ ကျပ် ( ၂၃၅၀၀ ) နှုန်းဖြင့်လည်းကောင်း ဈေးရရှိကြောင်း သိရပါတယ်။

 

Source: Eleven Media
Myanmar Industrial Directory

Read times
Rate this item
(1 Vote)