Agriculture & Livestock



တရုတ်နိုင်ငံမှ အဖမ်းအဆီးများ၍ ကျွဲ၊ နွားများ အကျဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်

တရုတ်နိုင်ငံမှ အဖမ်းအဆီးများ၍ ကျွဲ၊ နွားများ အကျဈေးဖြင့်သာ အရောင်းအဝယ်ဖြစ် google

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဘက်တွင် လုံခြုံရေးတင်းကျပ်ကာ အဖမ်းအဆီးများပြုလုပ်နေတာကြောင့် တရုတ်မှ ကျွဲ၊ နွားဝယ်လက်များ လာရောက်ဝယ်ယူမှုနည်းပါးကာ ယခင်ထက် အရောင်းအဝယ်လျော့ကျသွားပြီး အကျဈေးဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေရတယ်လို့ ကျွဲ၊ နွားကုန်သည်များထံမှ သိရပါတယ်။

ယခင်က နွားတစ်ကောင်လျှင် ကျပ် ၂၃ သိန်းမှ ၂၂ သိန်းထိ ပေါက်ဈေးရှိပေမယ့်လည်း လက်ရှိမှာ ကျပ်သိန်း ၂၀ မှ ၁၇ သိန်းထိသာ ဈေးရရှိပြီး ကျွဲမှာ အရောင်းအဝယ်လုံးဝမဖြစ်ကြောင်း သိရပါတယ်။ ဒါ့ပြင် ယခင်က တစ်ရက်ကို ကျွဲ၊ နွားအကောင်ရေ ၂၀၀ မှ ၃၀၀ ခန့်အထိ အရောင်းအဝယ်ပြုလုပ်ရပေမယ့် အခုအခါမှာတော့ တစ်ရက်ကို ၅ ကောင်ခန့်အထိသာ အရောင်းအဝယ်ပြုလုပ်နေတယ်လို့ သိရပါတယ်။

 

ယူနန်ပြည်နယ်မှာ အဖမ်းအဆီးများပြုလုပ်နေတာကြောင့် မူဆယ်လမ်းကြောင်းမှမသွားဘဲ ချင်းရွှေဟော်လမ်းကြောင်းမှ ကျွဲ၊ နွားများကို ပြောင်းလဲတင်ပို့နေရပြီး ၎င်းလမ်းကြောင်းမှာ လက်နက်ကိုင်အဖွဲ့အစည်းများကို အခကြေးငွေများ ပေးဆောင်ရခြင်းတို့ကြောင့် ကျွဲ၊ နွားတင်ပို့သူများအတွက် အခက်အခဲများရှိနေပါတယ်။

ကျွဲ၊ နွားများ တရားဝင်တင်ပို့နိုင်ရန်အတွက် နှစ်နိုင်ငံအကြား တရားဝင်လက်မှတ်မရေးထိုးရသေးတာကြောင့် မြန်မာနိုင်ငံမှ တင်ပို့တဲ့ ကျွဲ၊ နွားများကို တရားမဝင်ကုန်သွယ်မှုအဖြစ် သတ်မှတ်ကာ တရုတ်နိုင်ငံဘက်အခြမ်းတွင် တရုတ်အစိုးရက ဖမ်းဆီးနေခြင်းဖြစ်ပါတယ်။

 

Source: The Voice
Myanmar Industry Directory

Read times
Rate this item
(1 Vote)