Agriculture & Livestock

Agriculture & Livestock
Friday, 01 June 2018 16:43

မိုးစပါးစတင်စိုက်ပျိုး

မကြာမီရက်ပိုင်းအတွင်း တောင်သူများအနေဖြင့် မိုးစပါးများကို စတင်စိုက်ပျိုးကြတော့မည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်အတွင်းမှ တောင်သူများအနေဖြင့် ဈေးကွက်ဝင်ပြီး ဒေသနှင့်ကိုက်ညီသော စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးလာကြကြောင်း သိရပါသည်။

Agriculture & Livestock
Monday, 07 May 2018 18:11

ပဲစဉ်းငုံစိုက်ခြင်းထက် အခြားဈေးကွက်ရှိသီးနှံများစိုက်ပျိုးသင့်သည့် ယခုရာသီ

မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှတောင်သူများ ပဲစဉ်းငုံစိုက်ပျိုးခြင်းမပြုကြရန် အကြံပြုထုတ်ပြန်ထားသော်လည်း ပခုက္ကူတစ်ဝိုက်တောင်သူအချို့မှာ ပဲစဉ်းငုံစိုက်ပျိုးနေခြင်းကြောင့် ကျယ်ပြန့်စွာအသိပေးရန်လိုအပ်နေသေးကြောင်း ဒေသခံတောင်သူများထံမှ သိရပါသည်။

Agriculture & Livestock
Thursday, 03 May 2018 16:23

ဆားအထွက်နည်းသောကြောင့် တောင်သူများအခက်တွေ့နေ

ရခိုင်ပြည်နယ်အတွင်း ဆားအထွက်နည်းသောကြောင့် မိုးရာသီအတွင်း တခြားပြည်နယ်များမှ ဆားများတင်သွင်းရမည့် အခြေအနေတွင်ရှိကြောင်း လုပ်ငန်းရှင်များက ပြောကြားခဲ့ပါသည်။

Agriculture & Livestock
Monday, 23 April 2018 13:43

မြန်မာ့ရေငံပုဇွန်များကို ပြည်တွင်း/ပြည်ပ ဈေးကွက်ချဲ့ထွင်နိုင်ရန် လုပ်ဆောင်နေ

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်က ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့နယ်ခွဲရှိ Ayeyarwaddy Fishery Development co.,Ltd ၏ ရေငံပုဇွန် မွေးမြူရေးလုပ်ငန်းများဖြစ်သော မိရိုးဖလာမွေးမြူခြင်းနှင့် နည်းပညာမြင့် စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရပါသည်။

Agriculture & Livestock
Wednesday, 04 April 2018 12:01

နိုင်ငံတော် ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေနှင့် ပုဂ္ဂလိကကဏ္ဍမှ အဖွဲ့အစည်းအသီးသီးရှိ လူပုဂ္ဂိုလ်များမှ စိုက်ပျိုးရေးကဏ္ဍအတွက် တင်ပြချက်များ

(၁၆) ကြိမ်မြောက်အဖြစ် ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပသည့် နိုင်ငံတော် ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များ၏ လစဉ်ပုံမှန် အစည်းအဝေးတွင်ဆန်စပါးကဏ္ဍ၊ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်း ကဏ္ဍ၊ မတ်ပဲနှင့် ပဲစင်းငုံ ကုန်သွယ်မှုကဏ္ဍ၊ ငါးလုပ်ငန်းကဏ္ဍ နှင့် ပင်လယ်ကူးသဘောင်္သားဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ တို့ကို ဆွေးနွေးခဲ့ကြသည်။

Agriculture & Livestock
Wednesday, 28 March 2018 14:59

ဖရဲရောင်းအားကောင်းသော်လည်း အရည်အသွေးကြောင့်အခက်တွေ့နေ

မူဆယ်သစ်သီးဈေးကွက်တွင် လက်တလော ဖရဲသီးရောင်းအားတက်နေသော်လည်း အရည်အသွေးအားနည်းချက်ကြောင့် အကျိုးအမြတ်နည်းနေကြောင်း ကုန်သည်များထံမှ သိရပါသည်။